News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Coca-Cola မှ ကြီးမှူးစီစဉ်တဲ့ ကမ္ဘာ့ဖလား ပြသခြင်း အခမ်းအနား
Editorial
December 26, 2013
Local News
News
FIFAကမ္ဘာ့ဖလားဆု လှည့်လည်ပြသတဲ့ ခရီးစဉ်မှ ၅၃ နိုင်ငံမြောက်ဖြစ်တဲ့ မြန်မာနိုင်ငံကို ဒီဇင်ဘာလ ၂၅ ရက်နေ့က ဆိုက်ရောက်ခဲ့ပါတယ်။ အဲဒီနေ့နေလည် ၃ နာရီမှာတော့ ကမ္ဘာ့ဖလားအားပြသခြင်း အခမ်းအနားကျင်းပရာ သုဝဏ္ဏအားကစားကွင်း မြန်မာ့ရိုးရာအကဖြစ်တဲ့ မောင်ရွှေရိုးအကဖျော်ဖြေတင်ဆက်မှုဖြင့် အခမ်းအနားအစီအစဉ်ကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ရွှေသားစင်စစ် FIFA ကမ္ဘာ့ဖလားဆုပြသခြင်း အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး ဦးဉာဏ်ထွန်းဦး နဲ့အတူ ဖိတ်ကြားထားတဲ့ အထူးဧည့်သည်တော်တွေမှ ဖွင့်လှစ် ပေးခဲ့ကြပါတယ်။အခမ်းအနားမှာ Coca-Cola Myanmar ရဲ့ Managing Director Mr Rehan Khan နဲ့ မြန်မာဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးဘန်နီတင်အောင် တို့ကနေ အဖွင့်နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ရာ Coca-Cola Myanmar ရဲ့ Managing Director Rehan Khan က " ဒီကနေ့ဟာ ထူးခြားတဲ့နေ့တစ်နေ့ပဲဖြစ်ပါတယ်။ ဒီကနေ့အခမ်းအနားဟာ Coca-Cola ကစီစဉ်ပြုလုပ်တဲ့ ကမ္ဘာတစ်ဝန်းမှ FIFA ကမ္ဘာ့ဖလားဆုကြီးလှည့်လည်ပြသရေးအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သမိုင်းဝင်ခရီးစဉ်အဖြစ်လာရောက်ခြင်းဖြစ်ပါတယ်။ ဒီကနေ့ကျင်းပပြုလုပ်တဲ့အစီအစဉ်ဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ကောင်းမွန်တဲ့ပြုပြင်ပြောင်းလဲမှုတွေကိုပြသလိုက်တဲ့ နေ့တစ်နေ့ပဲဖြစ်ပါတယ်။ ကမ္ဘာ့ဖလားဆုကြီးကို မြန်မာနိုင်ငံသို့ သယ်ဆောင်လာခွင့်ရရှိပြီး မြန်မာနိုင်ငံသားတွေကို ကမ္ဘာတစ်ဝန်းက သန်းပေါင်းများစွာသော ဘောလုံးပရိတ်သတ်တွေနဲ့ ဆက်သွယ်ပေးခွင့်ရတဲ့အတွက် Coca-Cola အနေနဲ့ ဂုဏ်ယူမိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။ [caption id="attachment_6981" align="alignnone" width="242"]
Mr. Rehan Khan, Managing Director, Coca Cola Myanmar မှ နှုတ်ခွန်းဆက်စကား ပြောကြားစဉ်[/caption] မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှု ဦးဘန်နီတင်အောင် ကတော့ " ၂၀၁၃ ခုှနှစ်၊ FIFA ကမ္ဘာ့ဖလားဆုကြီး လှည့်လည်ပြသရေးခရီးစဉ်ကို Coca-Cola နဲ့ အတူပူးပေါင်း၍ တွဲဖက်လုပ်ဆောင်ခွင့်ရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ ကမ္ဘာ့ဘောလုံးလောကမှာ အမြင့်ဆုံးဆုဖြစ်တဲ့ ကမ္ဘာ့ဖလားဆုကြီး ကို မြန်မာနိုင်ငံတစ်ဝန်းက ဘောလုံး ပရိတ်သတ်တွေ ပိုမိုနီးကပ်စွာ တွေ့မြင်ခံစားခွင့်ရဖို့ ဒီခရီးစဉ်က အကူအညီပေးမှာပါ။ FIFAကမ္ဘာ့ဖလားဆုကြီးခရီးစဉ်ဟာ ဘောလုံးအားကစားဂုဏ်အရှိန်အဝါထွန်းတောက်မှုအတွက် အန္တိမအလှတရားတစ်ခုဖြစ်ပြီး ယခုလိုခရီးစဉ်မှာ ကျွန်တော်တို့အနေနဲ့ တွဲဖက်ပါဝင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ် " လို့ ပြောကြားခဲ့ပါတယ်။
အဲဒီနေ့က ဂိုးတင်အောင်ဟု လူသိများတဲ့ ဘောလုံးသူရဲကောင်း ဦးတင်အောင်အပါအဝင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA မှကိုယ်စားလှယ်နဲ့အတူ အမှတ်တရ ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသေးတယ်။ [caption id="attachment_6984" align="alignnone" width="300"]
မြန်မာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းနဲ့ World Cup Trophy[/caption] [caption id="attachment_6988" align="alignnone" width="300"]
World Cup Trophy လာရောက်ကြည့်ရှုအားပေးသူများကိုတွေ့ရစဉ်[/caption] [caption id="attachment_6987" align="alignnone" width="300"]
ပျော်ရွှင်ဖွယ်ရာ Coca-Cola ရဲ့ အစီအစဉ်များ[/caption] [caption id="attachment_6986" align="alignnone" width="300"]
ပျော်ရွှင်ဖွယ်ရာ Coca-Cola ရဲ့ အစီအစဉ်များ[/caption] [caption id="attachment_6985" align="alignnone" width="300"]
ပျော်ရွှင်ဖွယ်ရာ Coca-Cola ရဲ့ အစီအစဉ်များ[/caption] ဒီဇင်ဘာ ၂၆ ရက်နေ့မှာတော့ ပရိတ်သတ်ပျော်ပွဲရွှင်ပွဲနေ့အဖြစ် ထူးထူးခြားခြားရင်ခုန်ပျော်ရွှင်ဖွယ်ရာ အစီအစဉ်တွေနဲ့ သုဝဏ္ဏအားကစားကွင်းမှာ နံနက် ၁၀ နာရီမှ ည ၁၀ နာရီအတွင်း ကျင်းပသွားမှာဖြစ်ပါတယ်။ ပရိတ်သတ်ပျော်ပွဲရွှင်ပွဲနေ့မှာတော့ ကမ္ဘာ့ဖလားကို အနီးကပ်ကြည့်ရှုခွင့်နဲ့ အမှတ်တရဓာတ်ပုံရရှိမယ့် အစီအစဉ်၊ Coca-Cola မှ ပြသတင်ဆက်သွားမယ့် ဟော်လိုဂရမ် သရီးဒီပုံရိပ်တင်ဆက်မှု၊ ပါဝင်ဆင်နွှဲသူများအနေနဲ့ ဦးတင်အောင်လို ပရိသတ်ချစ်ခင်လေးစားတဲ့ မြန်မာဘောလုံးသူရဲကောင်းအချို့နဲ့ တွေ့ဆုံကာအမှတ်တရလက်မှတ်ရေးထိုးနိုင်တဲ့ အစီအစဉ်၊ မြန်မာ့ဘောလုံးရွှေခေတ်က အောင်မြင်မှုများကို အထူးဖန်တီးပြသထားတဲ့ ဓာတ်ပုံ လေ့လာကြည့်ရှုနိုင်မယ့်အစီအစဉ်၊ ကမ္ဘာတစ်ဝန်းFIFA ကမ္ဘာ့ဖလားဆုကြီး လှည့်လည်ပြသရေးခရီးစဉ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အတူလိုက်ပါလာခဲ့သည့် ၂၀၁၄ ခုနှစ် FIFA ကမ္ဘာ့ဖလား လာဘ်ကောင်ရုပ်နဲ့အတူ ဓာတ်ပုံရိုက်ကူးခြင်းအစီအစဉ် စသဖြင့် အစီအစဉ်အမြောက်အများဖြင့် ပါဝင်မယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၂၆ ရက်နေ့မှာပဲ ပျော်ပွဲရွှင်ပွဲနေ့ ဒုတိယပိုင်းအစီအစဉ်အဖြစ် Coca-Cola ရဲ့ brand ambassador နှစ်ယောက်ဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ Bobby Soxer တို့က ပြည်တွင်းမှ ဖျော်ဖြေတင်ဆက်သူများနဲ့အတူ ဂီတပွဲလေးကို တင်ဆက်ဖျော်ဖြေသွားမှာဖြစ်ပြီး ပရိတ်သတ်များအတွက် အိမ်အပြန်လက်ဆောင်အဖြစ် Coca-Cola စတစ်ကာများနဲ့ CD များကို ယူဆောင်သွားနိုင်မယ့် ဂိမ်းကစားခြင်းအစီအစဉ်များကိုလည်း ပြုလုပ်သွားမှာဖြစ်ပြီး Coca-Cola အချိုရည်သောက်ဖို့လည်း စီစဉ်ပေးထားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ FIFA ကမ္ဘာ့ဖလား လှည့်လည်ပြသခြင်း ခရီးစဉ်ကို Coca-Cola က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ရဲ့ ပူးပေါင်းမှုဖြင့် ကျင်းပခြင်း ဖြစ်ပါတယ်။ FIFA ကမ္ဘာ့ဖလား လှည့်လည်ပြသရေး ခရီးစဉ် စတင်တဲ့၂၀၀၆ ခုနှစ်မှစပြီး ခရီးစဉ်ကို Coca-Cola မှတာဝန်ယူ စီစဉ်ခဲ့တာပါ။ မြန်မာနိုင်ငံကတော့ ၂၀၁၄ ခုနှစ် FIFA ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ကြာမြင့်မယ့် FIFA ကမ္ဘာ့ဖလား လှည့်လည်ပြသရေးခရီးစဉ်ရဲ့ ၅၃ နိုင်ငံမြောက် ရပ်နားတဲ့ နိုင်ငံဖြစ်ပြီး ယခင်က ဆုဖလားကိုလက်ခံပြသခွင့် မရခဲ့ဖူးတဲ့ နိုင်ငံအသစ် ၅၁ နိုင်ငံထဲမှာ ပါဝင်ပါတယ်။ လက်ရှိ FIFA ကမ္ဘာ့ဖလားဟာ FIFA ရဲ့ ပိုင်ဆိုင်မှုအဖြစ် ထားရှိတာဖြစ်ပြီး ဘယ်နိုင်ငံကမှ အပိုင်မရရှိပါဘူး။ ကမ္ဘာ့ဖလား ဆုဖလားဟာ ၃၆ စင်တီမီတာ မြင့်ပြီး ၁၈ ကာရတ်ရွှေဖြင့် ပြုလုပ်ထားကာ အလေးချိန် ၆,၁၇၅ ဂရမ် ရှိပါတယ်။ ဆုဖလားရဲ့ အောက်နားတွင် အလှဆင် ကျောက်စိမ်းအရစ် နှစ်ရစ် ပါဝင်ပြီး ဆုဖလားအောက်ခြေမှာတော့ ၁၉၇၄ ခုနှစ်ကတည်းက FIFA ကမ္ဘာ့ဖလား ရရှိခဲ့တဲ့ နိုင်ငံ တစ်နိုင်ငံချင်းစီရဲ့နာမည်တွေကို ထွင်းထားပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း