
Fiat-Chrysler ကားကုမ္ပဏီ (FCA)က ၂၀၁၇ ခုနှစ်ကျရင် ဘရာဇီးဈေး ကွက်မှာအမြတ်ရရှိမှု မြင့်တက်လာဖို့ ရည်ရွယ်ပြီး မော်တော်ကား စက်ရုံအသစ်ဆောက်ဖို့ ရည်မှန်းထားတယ်လို့ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် Sergio Marchi- onne က ဆိုပါ တယ်။ ဇန်နဝါရီလထဲမှာ Fiat က Chrysler ကို အမေရိကန် ဒေါ်လာ ၄.၃၅ ဘီလီယံနဲ့ အပြီးသတ် ဝယ်ယူပြီး ကမ္ဘာ့သတ္တမမြောက် အကြီးဆုံးမော်တော်ကားကုမ္ပဏီ ဖြစ်လာပြီးတဲ့နောက် တည်ထောင်ခဲ့တဲ့ FCA ဟာ ၂၀၁၃ ခုနှစ်နောက်ဆုံး သုံးလပတ်မှာ လက်တင်အမေရိကရဲ့ အဓိက ဝင်ငွေရတဲ့ဈေးကွက်မှာ အမြတ် ၈၀ ရာခိုင်နှုန်း ထိုးကျခဲ့တဲ့အတွက် ၂၀၁၄ ခုနှစ်ရဲ့အမြတ်ရရှိနိုင်မှု ခန့်မှန်းချက်ကို လျော့ချခဲ့ပါတယ်။ Pernambuco စက်ရုံမှာ မော်တော်ကားအပြည့်အ၀ စတင်ထုတ်လုပ်မယ့် ပထမဆုံးနှစ် ဖြစ်တဲ့ ၂၀၁၇ ခုနှစ်ကျရင် ဘရာဇီးမှာ ကျွန်တော်တို့ရဲ့အမြတ် ပမာဏဟာ ၁၀ ရာခိုင်နှုန်းနဲ့ အထက်ရှိလာမယ် ဆိုတာကို ကျွန်တော့် အနေနဲ့ လုံးဝယုံကြည်မှုရှိတယ်လို့ Marchionne က ဆိုပါတယ်။ Pernambuco စက်ရုံကို လာမယ့်နှစ်မှာ ဖွင့်လှစ်မှာဖြစ်ပြီး ဈေးကွက်လိုအပ်ချက်နဲ့ ကိုက်ညီမယ့် မော်တော်ကားတွေကို ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ Ref: Reuters