ဟောင်ကောင်ရှိ Christies လေလံ ပွဲမှာ မန်ချက်စတာယူနိုက်တက်ဘောလုံးအသင်းရဲ့ မန်နေဂျာ Alex Ferguson စုဆောင်းထားတဲ့ တန်ဖိုးကြီး ရှားပါးတဲ့ဝိုင်အရက်တွေကို ထည့်သွင်း လေလံပစ်ခဲ့ရာမှာ ဝိုင်အရက် ခြောက် လီတာပါတဲ့ ပုလင်းတစ်လုံးဟာ အမေရိ ကန်ဒေါ်လာ ၁၆၀,၀၀၀ ခန့်နဲ့ ဆွဲသွား ပါတယ်။ Best Wishes, Alex Ferguson ဆိုတဲ့ စာတန်းပါတဲ့ ကတ်ပြားလေး လည်း ပါဝင်တယ်။ ''ဒီဝိုင်ပုလင်းဟာ Ferguson ဆီကရတာဆိုတော့ ကျွန် တော်တို့အတွက် ကံကောင်းတာပေါ့'' လို့ လေလံဆွဲသူက ဆိုပါတယ်။ ဒီပွဲမှာ Ferguson ရဲ့ တခြားဝိုင်အရက်တွေ လည်း ပါဝင်လေလံတင်ထားတာဖြစ်တယ်။ အဲဒါတွေထဲကလည်း လေလံ ဆွဲသွားကြပါတယ်။ Ferguson ဟာ မန်ချက် စတာယူနိုက်တက်ဘောလုံးအသင်းကို အောင်မြင်စွာ ဦးဆောင်ခဲ့ပြီး ပြီးခဲ့ တဲ့နှစ်ကပဲ တာဝန်က အနားယူသွားခဲ့ ပါတယ်။ သူဟာ စကော့တလန်က ဖြစ်ပြီး ၁၉၉၁ ခုနှစ်ထဲမှာ ပြင်သစ် ကို အလည်သွားအပြီး ခုလိုဝိုင်အရက် စုဆောင်းတဲ့အလုပ်ကို (များပြား လှတဲ့ ဘောလုံးအသင်းမန်နေဂျာ တာဝန်တွေ ကနေ အပန်းပြေစေဖို့) ဝါသနာတစ်ရပ် အဖြစ် စတင်ခဲ့တာဖြစ်တယ်။ ဟောင်ကောင်ဟာ ၂၀၀၈ ခု နှစ်ထဲမှာ ပြင်ပကဝိုင်အရက် တင်သွင်း မှုအပေါ် အခွန်ကောက်တာကို ရပ် ဆိုင်းခဲ့တဲ့အချိန်ကစပြီး ပြည်ပကနေ တရုတ်ပြည်မကြီးဈေးကွက်ကို ဝိုင်အ ရက်တွေ တင်ပို့ရာလမ်းခုလတ်ဖြစ် လာခဲ့ပါတယ်။ ဒါကြောင့် နှစ်အနည်း ငယ်အတွင်း ဟောင်ကောင်ဟာ နယူး ယောက်လိုပဲ ကမ္ဘာမှာ ဝိုင်အရက်လေ လံတင်ရောင်းချပွဲ အကြီးမားဆုံးနေရာ ဖြစ်လာတယ်။ လာမယ့်ရောင်းချပွဲတစ် ခုမှာဆိုရင် တရုတ် မင်ဆေးပန်းချီဆရာ ဖြစ်တဲ့ Xu Beihoug ရဲ့ Eagle (သိမ်း ငှက်) ဆိုတဲ့ ပန်းပန်းချီလက်ရာဟောင်ကောင်ဒေါ်လာ သန်းနှစ်ဆယ်နဲ့ ဈေး တည့်ဖို့ အလားအလာရှိပါတယ်။
Ref:AFP