Malcolm Gladwell လို တွေးခေါ်မြော်မြင်နိုင်စွမ်းရှိတဲ့ စာရေးဆရာတစ်ယောက်ကိုတောင် ဖမ်းစားနိုင်တဲ့ စာအုပ်တွေအကြောင်းကို စဉ်းစားဖူးပါသလား။ သူဟာ ကိုယ်တိုင်ရေးစာအုပ်ပေါင်းများစွာ ရေးသားထုတ်ဝေခဲ့ပြီးသလို သူထုတ်ဝေခဲ့တဲ့ စာအုပ်စုစုပေါင်း အုပ်ရေ ၄.၅ သန်းကျော်ကို ရောင်းချထားပြီး ဖြစ်ပါတယ်။ ယနေ့ခေတ်ရဲ့ အောင်မြင်ကျော်ကြားဆုံး စာရေးဆရာတွေက တစ်ဦးလည်းဖြစ်ပါတယ်။ အောက်ပါစာအုပ်တွေကတော့ Malcolm Gladwell က ညွှန်းဆိုထားတဲ့ သူကိုယ်တိုင်လည်းဖတ်တဲ့ စာအုပ်ကိုးအုပ်ပဲဖြစ်ပါတယ်။
Traffic: Why We Drive The Way We Do
by Tom Vanderbilt
--------------------
လမ်းကြောင်းဆိုတဲ့စာအုပ်ဟာ ကားစတီယာရင်အနောက်က ကျွန်တော်တို့ပြုမူကျင့်ကြံပုံတွေကို လူ့သဘာဝနဲ့နှိုင်းယှဉ်ပြီး ရေးထားတာပဲဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့အလုပ်တွေကို လုပ်ရတဲ့အခါမှာ စတီယာရင်းနောက်က တော်ရုံဒေါသသိပ်မထွက်တတ်သူတွေတောင်မှ အော်ဟစ်ကြမ်းတမ်းသူမျိုးဖြစ်တတ်တဲ့ လူ့သဘာဝကို ရေးထားပါတယ်။ Gladwell က 'Traffic' ရဲ့ စာရေးဆရာ Tom Vanderbilt ဟာ ကလောင်စွမ်းထက်တယ်လို့ ဆိုပါတယ်။
The Blind Side: Evolution of a Game
by Michael Lewis
-------------
Galdwell က Lewis ကိုလည်း လှုံ့ဆော်နိုင်တဲ့ စံပြပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ထားပါတယ်။ သူ့အနေနဲ့ Michael Lewis ရဲ့ စာအုပ်တွေကိုဖတ်တာက Tiger Woods ဂေါက်ရိုက်တာကိုကြည့်ရခြင်း ရည်ရွယ်ချက်နဲ့ တူတူပဲဖြစ်တယ်လို့ ပြောပါတယ်။ အကြောင်းရင်းက သူ့လိုမျိုးတစ်သက်လုံး ဆော့နိုင်မှာမဟုတ်ပေမယ့် ကျွမ်းကျင်ပညာရှင်ဆိုတာမျိုးက ဘာလဲဆိုတာကို ဒီလိုစာအုပ်တွေက အမြဲတမ်း သတိပေးနိုင်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။
Psychoanalysis: The Impossible Profession
by Janet Malcolm
-------------
Gladwell က 'Psychoanalysis' ရဲ့ စာရေးဆရာဖြစ်သူ Janet Malcolm ဟာ သူ့ရဲ့စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ သူဟာ 'Psychoanalysis:The Impossible Profession' စာအုပ်ကို သုတစာပေဆိုတာက ဒါမျိုးဆိုတာကို ကိုယ့်ကိုယ်ကိုယ် သတိပေးဖို့ ပြန်ဖတ်တယ်လို့ ဆိုပါတယ်။
Freakonomics
by Steven D.Levitt and Stephen J.Dubner
------------
Gladwell က 'Freakonomics' ဟာ စီးပွားရေးလို အင်မတန်ပျင်းဖို့ကောင်းတဲ့ ဘာသာရပ်မျိုးကိုတောင်မှ ပျော်စရာကောင်းပြီး ဖတ်ချင်စဖွယ်ဖြစ်အောင် ရေးသားထားတဲ့ စာအုပ်ဖြစ်တယ်လို့ ညွှန်းပါတယ်။
Fooled by Randomness
By NassimTaleb
------------
'Fooled By Randomness' စာအုပ်က Martin Luther ရဲ့ ကက်သလစ်ဘုရားကျောင်းတွေမှာ ဟောကြားတဲ့စာတမ်း ၉၅ ခု အရေးပါသလိုမျိုး Wall Street လို ကမ္ဘာ့စီးပွားရေးအတွက် အဓိကကျတဲ့နေရာအတွက် အရေးပါတဲ့စာအုပ်ဖြစ်တယ်လို့ ပြောပါတယ်။
The Opposable Mind
by Roger Martin
-----------
Galdwell ရဲ့အဆိုအရကတော့ 'The Opposable Mind' ရဲ့ ''ကြော်ငြာထားတာလေးကိုပဲ ဖတ်ကြည့်လိုက်ပါ။ စီးပွားရေးကိုဆက်နွှယ်ပြီး ထုတ်ထားတဲ့စာအုပ်တွေ အများကြီးထွက်တာ ကျွန်တော်သိပါတယ်၊ ဒီစာအုပ်ဟာ သင်သိချင်တာတွေချည်းပဲ ဖြေထားတဲ့ စာအုပ်ဆိုတာကိုတော့ ကျွန်တော် ရဲရဲကြီးအာမခံရဲပါတယ်'' ဟူ၍ ဖြစ်ပါတယ်။
Should I Be Tested for Cancer?
by H.Gilbert Welch
--------------
ဒီစာအုပ်မှာတော့ အနည်းငယ်သာသိကြတဲ့ ဆေးပညာလေ့လာရပ်တွေအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားထားပါတယ်။ ကင်ဆာဆေးပညာလောကမှာ ဖြစ်ပျက်နေတဲ့ ဆေးမှားပေးမှုတွေ အစားထိုးခွဲစိတ်ကုသမှုတွေနဲ့ တခြားကုသမှုခံယူတဲ့အခါမှာ မရည်ရွယ်ဘဲ ဖြစ်ပျက်လာတဲ့ အခြေအနေတွေအကြောင်းကို အကျယ်တဝင့် ဖော်ပြထားပါတယ်။
Nixon Agonistes: The Crisis of the Self-Made Man
by Garry Wills
----------------
ဒီစာအုပ်ကတော့ Gladwell ရဲ့ ပြောပုံအရဆိုရင်တော့ ဂန္ထဝင်စာအုပ်ကောင်းတစ်အုပ်ပဲ ဖြစ်ပါတယ်။ ဒီစာအုပ်ဟာ ၇၀ ရာစု အစောပိုင်းလောက်က ကျော်ကြားတဲ့ နိုင်ငံရေးစာရေးဆရာကြီးရဲ့ ဂန္ထဝင်စာအုပ်တစ်အုပ်ပဲ ဖြစ်ပါတယ်။ အမေရိကန်သမ္မတကြီး Richard Nixon နုတ်မထွက်ခင်လေးမှာပဲ သူဟာ ဘယ်လောက်ဆိုးရွားတယ်ဆိုတာကို ရေးထားပါတယ်လို့ ပြောပါတယ်။
The Person and the Situation
by Richard Nisbett
------------
Gladwell က စိတ်ရောဂါကုဆရာဝန် 'Richard Nisbett ဟာ သူ့ဘဝရဲ့လွှမ်းမိုးနိုင်ဆုံး တွေးတောသူတစ်ဦးဖြစ်တယ်' လို့ဆိုပါတယ်။ Gladwell က ကမ္ဘာကြီးအပေါ်ကို ထားရှိတဲ့သူ့အမြင်တွေကို Nisbett နဲ့ သူ့စာအုပ် 'The Person and the Situation' က အထောက်အကူပြုတယ်လို့ ဆိုပါတယ်။