Farnese Blue စိန်ကြီး လေလံဆွဲဝယ်ယူသွား

farnese

Farnese Blue လို့ခေါ်တဲ့ အပြာမှိုင်းရောင်စိန်ကြီးကို ဆွစ်ဇာလန်ဖရန့်ငွေ ၆.၇ သန်းနဲ့ များမကြာမီက ဂျီနီဗာ လေလံပွဲမှာ လေလံဆွဲဝယ်ယူသွားပါတယ်။ မူလခန့်မှန်းထားတဲ့ လေလံကြေးမှာ ၃.၅ သန်းမှ ၅.၅ သန်းအထိသာ ဖြစ်တယ်။

အလေးချိန် ၆.၁၆ ကာရက်ရှိတဲ့ ဒီစိန်ကြီးဟာ ဥရောပတော်ဝင်မိသားစုတွေ အစဉ်အဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ စိန်ဖြစ်တယ်။ အိန္ဒိယနိုင်ငံရှိ ကျောက်တွင်းထဲက တူးဖော်ရရှိခဲ့တာဖြစ်ပြီး ၁၇၁၅ ခုနှစ်အတွင်း Rome မြို့စားရဲ့သမီး Elisabeth Farnese နဲ့ စပိန်နိုင်ငံက မင်းသား Philip တို့လက်ထပ်တဲ့အခါ အဲဒီမင်းသမီးကို ပထမဆုံးပေးခဲ့တာဖြစ်ပါတယ်။ ဒီစိန်ဟာ မျိုးဆက်ခုနစ်ဆက်ကျော်ကျော်တစ်လျှောက် ဥရောပနိုင်ငံများရှိ တော်ဝင်မိသားစုတွေအချင်းချင်း လက်ထပ်ထိမ်းမြားကြရာကနေ စပိန်မှ ပြင်သစ်၊ အီတလီနဲ့ သြစတြေးလျနိုင်ငံများကို ရောက်ရှိသွားတာဖြစ်တယ်။ ယခုလေလံအောင်သွားတဲ့သူရဲ့ နာမည်ကိုတော့ မသိရပါဘူး။