News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ရန်ကုန်မြို့ ပြလူနေမှုစရိုက်တွေ ထင်ဟပ်ပြသထားတဲ့ Exodus Song ပန်းချီပြပွဲ
Editorial
July 8, 2014
Local News
News
Orient Art Gallery နဲ့ ပန်းချီကြီးမြင့်စောတို့စီစဉ်တဲ့ ပန်းချီဆရာသန်းထိုက်မြန်မာစာရဲ့ Exodus Song လို့ အမည် ပေးထားတဲ့ ပန်းချီပြပွဲတစ်ရပ်ကို၂၀၁၄ ခုနှစ်၊ ဇူလိုင် လ ၅ရက်ကနေ ၁၉ ရက်အထိ ရန်ကုန်မြို့၊ သံလွင်လမ်းရှိ Orient Art Gallery မှာ ပြုလုပ်လျက်ရှိပါတယ်။ အဆိုပါပန်းချီပြပွဲဟာ ပန်းချီဆရာသန်းထိုက်မြန်မာစာရဲ့ ဒုတိယအကြိမ်မြောက်တစ်ကိုယ်တော်ပြပွဲဖြစ်ပြီး မြို့ပြလူနေမှုစရိုက်ကို ဖော်ကျူးရေးဆွဲထားတဲ့ပန်းချီကား ၂၆ ကားကို ပြသထားတာဖြစ်ပါတယ်။ တစ်ကိုယ်တော်ပန်းချီပြပွဲနဲ့ပတ်သက်လို့ ပန်းချီဆရာသန်းထိုက် မြန်မာစာက''အဓိကတော့ မြို့ပြလူနေမှု စရိုက်တွေကို ရေးထားပြီး Exodus လို့ အမည်ပေးထားပါတယ်။ ဒါကို စိတ်ဝင်စားအောင် လှုပ်ရှားမှုတစ်ခုအနေနဲ့ Song လို့ ပေးလိုက်တာပါ။ ပန်းချီကားအများစုကတော့ ရန်ကုန်မြို့ပြလူနေမှုစရိုက်ကို ဦးတည်ထားပါတယ်။ Exodus Song ကတော့ အများကြီးရှိပါတယ်။ အဲဒီမှာ ကျွန်တော်က A going away of many people ဆိုတာ တင်စား ပြီးတော့ လူတွေက မနက်မိုးလင်းတာနဲ့ စားဝတ်နေရေးအတွက် အလုပ်ခွင်ထဲ ထွက်သွားရတာကို ကိုယ်စားပြုု ပြီးတော့ ပေးလိုက်တာပါ''လို့ ပြောပြခဲ့ပါတယ်။ ပြပွဲမှာ ပြသထားတဲ့ပန်းချီကားအများစုကိုတော့ ပြီးခဲ့တဲ့သုံးလေးလလောက် ရေးဆွဲခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာလည်း လက်ရှိဖြစ်ပျက်နေတဲ့အဖြစ်အပျက်တွေကို လွတ်လွတ်လပ်လပ်ရေးဆွဲသွားဖို့ ရည်ရွယ်ထားကြောင်း ပန်းချီဆရာသန်းထိုက်မြန်မာစာက ဆိုပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း