၀န်ထမ်းသစ်တစ်ယောက်အနေနဲ့ ဆောင်ရန်၊ ရှောင်ရန်များ

Knowing-When-to-Back-Down-and-Admit-Your-Mistakes

လုပ်ငန်းခွင်ထဲကို စပြီးဝင်ရောက်လာတဲ့ သူတစ်ယောက်အနေနဲ့ ဆောင်ရန်၊ ရှောင်ရန်နဲ့ အတတ်နိုင်ဆုံး အမှားနည်းအောင် ဘယ်လိုလုပ်ဆောင်သင့်ပါသလဲ

အများအတွက် အကျိုးရှိမယ့် မေးခွန်းဖြစ်သလို အလွန်ကို ကျယ်ကျယ်ပြန့်ပြန့် ဖြေရမယ့်မေးခွန်းဖြစ်ပါ တယ်။ ကုမ္ပဏီ လောကမှာပဲဖြစ်ဖြစ်၊ လူ့အသိုင်းအဝိုင်းမှာပဲဖြစ်ဖြစ် Dos and Don'ts တွေ က တော်တော်များပါတယ်။ ဆရာ အတတ်နိုင်ဆုံး အဓိကကျတဲ့အချက်တွေရွေးပြီး ဖြေပါမယ်။ (၁)     လုပ်ငန်းခွင်ထဲစပြီး ဝင်ရောက်တာနဲ့ လူကြီးလူငယ် လူလတ်၊ အနုအရင့် မှန်သမျကို စိတ်သဘောထား (Attitude)  အမှန်၊ အဖြောင့်နဲ့ ကြည့်နိုင်၊ မြင်နိုင် ဆက်ဆံနိုင်ရမယ်။ (ဒါက 'ဆောင်' ဖို့) (၂)     ကိုယ့်အလုပ်ပေါ် ကိုယ့် Professional Skill ကို အစွမ်းကုန်အသုံးချရမယ်။ (ဒါက 'ဆောင်' ဖို့) (၃)     အများနဲ့ လက်တွဲဆောင်ရွက်ရတဲ့အတွက် သဘောထား မတူညီမှုတွေ ရှိလာရင်လည်း အတတ်နိုင်ဆုံးသည်းခံခွင့်လွှတ်နားလည်ပေးတတ်ရပါမယ်။(ဒါက 'ဆောင်' ဖို့) ('အတတ်နိုင်ဆုံး'လို့ သုံးထားတာကိုသတိပြုပါ) (၄)     လုပ်ငန်းခွင်အတွင်း/အပြင်မှာEthics ကို အစွမ်း ကုန်စောင့်ထိန်းရပါမယ်။ (ဒါက 'ဆောင်' ဖို့) (၅)     မိမိအလုပ်ရှင်နဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ် ဘယ်လို နည်းနဲ့မှ သစ္စာမဖောက်ရပါ။ (ဒါက 'ရှောင်' ဖို့) (၆)     အထူးသဖြင့် လူမှုရေးကိစ္စနဲ့ ငွေရေးကြေးရေးကိစ္စတွေ မှာ အကျင့်သိက္ခာ မပျက်စေရပါ။(ဒါက 'ရှောင်' ဖို့) အတတ်နိုင်ဆုံး 'အမှား' နည်းအောင် ဘယ်လိုလုပ် ဆောင်သင့်ပါသလဲ မေးထားတော့ 'အမှား'ကတော့ အလုပ် လုပ်ရင်း မေးခွန်းရှင်အနေနဲ့ သေချာပေါက် တွေ့ရမှာပဲ။ အရေးကြီးတာက 'မှား' သွားရင် ချက်ချင်းဝန်ခံလိုက်ပြီး မီရာက ချက်ချင်းအမှန်ကို မြင်တတ်ဖို့ပဲ။ ဒါဆို 'အမှား နည်းသွားပါလိမ့်မယ်။ အခုဆရာရေးပြတာတွေဟာ အထူးအဆန်းတစ်ခု မှ မပါပါဘူး။ ဘယ်သူ့မေးမေး ဒီလိုပဲဖြေကြမှာပဲ။ တကယ့်လက်တွေ့မှာ ခက်နေတာက လိုက်မလုပ် ကြတာဘဲ။ လိုက်မလုပ်ကြတာက အကြောင်းကရှိကြတယ်။ အဲဒါက တကယ်လုပ်ရမှာ 'ခက်' နေလို့ပဲ။ ဆရာ ပြောတာ သဘောပေါက်ပါလိမ့်မယ်။ WACADAD ဆိုတဲ့ စကားလိုပေါ့။ Words Are Cheep And Deeds Are Dear  'အပြောလွယ် သလောက် အလုပ်ခက်' ပေါ့လေ။

 ရဲမြင့် (စွန့်ဦးတီထွင်)