ဥရောပကုန်သည်ကြီးများအသင်း (EuroChamber Myanmar) မြန်မာနိုင်ငံမှာ စတင်ဖွင့်လှစ်

Chamber 3 ဥရောပသမဂ္ဂ(EU) က မြန်မာနိုင်ငံမှာ ဥရောပကုန်သည်ကြီးများအသင်း(EuroChamber Myanmar) ကို စတင်ဖွင့်လှစ်တဲ့အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က ရန်ကုန်မြို့ရှိ Chatrium Hotel မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်အကြီး HE Roland Kobia က အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး  မြန်မာနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ ဦးဆက်အောင်၊ UMFCCI ဒု-ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး၊ နိုင်ငံတော်သမ္မတရဲ့စီပွားရေးအကြံပေး ပါမောက္ခဒေါက်တာအောင်ထွန်းသက်နဲ့ French-Myanmar Chamber of Commerce and Industry(FMCCI) ရဲ့ ဥက္ကဋ္ဌ Mr Julien Esch တို့က အသီးသီး အမှာစကား ပြောကြားခဲ့ပါတယ်။ EuroChamber Myanmar ကို FMCCI ရဲ့ဦးဆောင်မှုနဲ့အတူ ဘယ်လ်ဂျီယံ၊ ပြင်သစ်၊ အီတလီနဲ့ ဟန်ဂေရီတို့အပါအဝင် ဥရောပနိုင်ငံတွေကကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း တည်ထောင်မှာဖြစ်ပြီး မြန်မာနိုင်ငံမှာရှိတဲ့ EU ကိုယ်စားပြုကုမ္ပဏီတွေနဲ့ UMFCCI တို့ကလည်း ပံ့ပိုးမှုတွေပြုလုပ်သွားမယ်လို့ သိရပါတယ်။ EuroChamber ကနဦးတည်ထောင်မှုမှာ EU က ယူရို ၂.၇ သန်း ထောက်ပံ့ထားတယ်လို့ လို့သိရပါတယ်။ တစ်ဆက်တည်းမှာပဲ "Doing Business in Myanmar from and EU Perspective" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကိုလည်း ကျင်းပခဲ့ပြီး Moderator အဖြစ် MMRD ရဲ့ မန်နေးဂျင်းဒါရိုက်တာ ဦးမိုးကျော်၊ Unilever, Schneider Electric, Luther Myanmar, Henkel နဲ့ ဥရောပကုမ္ပဏီတွေက လုပ်ငန်းအမှုဆောင်အရာရှိတွေ ပါဝင်ဆွေးနွေးသွားခဲ့ပါတယ်။ စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေပြုလုပ်ရာမှာ ပုဂ္ဂလိကကဏ္ဍရဲ့အရေးပါမှုကို ဆွေးနွေးသွားခဲ့သလို EuroChamber အနေနဲ့ မြန်မာနိုင်ငံမှာ CSR အပါအဝင် စီမံခန့်ခွဲမှုဆိုင်ရာ ကောင်းမွန်တဲ့လုပ်ထုံးလုပ်နည်းတွေကို ဝေမျှသွားအဖို့အတွက် မဟာဗျူဟာမြောက်အရေးပါမှုကိုလည်း အလေးထားဆွေးနွေးသွားခဲ့ကြပါတယ်။ Chamber Chamber 6 Chamber 7 Chamber 5 Chamber 4 Chamber 1 Chamber 2