ဥရောပသမဂ္ဂ (EU) နဲ့ စင်ကာပူတို့အကြား လွတ်လပ်စွာကုန်သွယ်မှု သဘောတူညီချက်က ပိုလန်နိုင်ငံအတွက် အကျိုးအမြတ်တွေ ရှိစေကြောင်း စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong က ပိုလန်နိုင်ငံကို တရားဝင် သွားရောက်လည်ပတ်စဉ် ပြောကြားလိုက်ပါတယ်။ စင်ကာပူကို အစားအသောက်နဲ့ အသားတင်ပို့မှု ပိုမိုလွယ်ကူလာ ဖို့ မျှော်လင့်ကြောင်း ပိုလန်ဝန်ကြီးချုပ် Donald Tusk က ပြောတယ်လို့ ဝန်ကြီးချုပ်နှစ်ဦး တွေ့ဆုံပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ Mr Lee ကပြောကြားသွားပါတယ်။ ပိုလန်နိုင်ငံဟာ ဥရောပအရှေ့နဲ့ အလယ်ပိုင်းဒေသမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်ပြီး လက်ရှိယူရိုဇုန်ငွေကြေး အကျပ်အတည်းကာလမှာ ကောင်းမွန်တဲ့တိုးတက်မှု ရှိထား တဲ့နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ Ref: CNA