Ethical Maketing က လုပ်ခါစမှာ ဘာအကျိုးအမြတ်မှ မရပါဘူး။ Sales Volume တောင် ထိပါတယ်။ ဒါပေမဲ့ Maketing သမားတစ်ယောက်ဟာ Ethical တော့ လုပ်သင့်ပါတယ်။ မြန်မာနိုင်ငံမှာ Ethical မရှိတာတွေ အများကြီးဖြစ်နေတယ်။
ကျွန်တော့်အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ခုနောက်ပိုင်းလာတဲ့ Alcoholic Beverage ရောင်းတဲ့ ကုမ္ပဏီအတော်များများမှာ အလုပ်လုပ်တဲ့ဝန်ထမ်းတွေဟာ လူရှေ့သူရှေ့မှာ Cheers ဆိုပြီး ခွက်တိုက်ခွင့်မရှိဘူး။ ဒါက သူ့ Product ကို Indirect အနေနဲ့ Promote လုပ်တာဖြစ်ပြီး Ehtics နဲ့ မညီလို့ပါ။ ဒါက မြန်မာနိုင်ငံမှာ အခုစနေပါပြီ။ နောက်ပြီး ဘယ်လောက်ထက်ပိုပြီး မသောက်ရဘူးဆိုပြီး သတ်မှတ်ထားတာတွေရှိတယ်။ ဒီလိုမျိုးတွေက အနောက်နိုင်ငံတွေမှာတော့ အတော်များများ ကျင့်သုံးနေပြီဖြစ်ပါတယ်။ နောက်ပြီး နိုင်ငံတကာမှာ သစ်ခုတ်မယ်ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက်ကို ပြန်ဝယ်ရတယ်။
ကုမ္ပဏီအတော်များများကတော့ Ethical ဖြစ်တာကို မသိချင်ယောင်ဆောင်ထားတတ်ကြပါတယ်။ အကျိုးအမြတ်ပိုရလို့ပါ။
Ethics မှာ ပထမတစ်အချက်က ကိုယ့်ရဲ့ Brand က သူများကို မတွေဝေစေရပါဘူး။ ကိုယ့်ရဲ့ Brand အကြောင်း အစစ်အမှန်ကိုပဲ ပြောရပါတယ်။ နှစ်အချက်က ကိုယ်ရောင်းတဲ့ Product က ကိုယ်ကတိခံထားတဲ့ အရည်အသွေးအတိုင်းရှိရမယ်။ နောက်ဆုံးတစ်ချက်က ကိုယ့်ရဲ့ Product ကြောင့် မိသားစုနဲ့ လူမှုပတ်ဝန်းကျင်ကို ထိခိုက်မယ်ဆိုရင် ဒါကိုကာကွယ်တဲ့စနစ် ရှိရပါမယ်။
ဦးမြင့်ဇော် - CEO, Ground Solution Co Ltd