Ericsson Myanmar မှ Connect to Learn စီမံကိန်း သတင်းစာရှင်းလင်းပွဲကျင်းပ

ericsson1 ဆက်သွယ်မှုနည်းပညာနဲ့ ဝန်ဆောင်မှုလုပ်ငန်းများကို လုပ်ကိုင်နေတဲ့ ဆွီဒင်အခြေစိုက် Ericsson က Connect to Learn အစီအစဉ်နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို ၂၀၁၅ ခုနှစ် ဇွန်လ ၂၉ ရက်က ရန်ကုန်မြို့၊ Micasa Hotel မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါအစီအစဉ်ဟာ ကျောင်းသူ/ကျောင်းသားများကို ၂၁ ရာစု ပညာရေးစနစ်နဲ့ ရင်းနှီးစေဖို့၊ အင်တာနက်အသုံးချမှုကျွမ်းကျင်လာစေဖို့နဲ့ ICT (သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ) ဆရာအတတ်သင် လေ့ကျင့်သင်ကြားပေးဖို့ ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ ပထမဆုံးပြုလုပ်မယ့် ICT နဲ့ ပညာရေးစီမံကိန်းဖြစ်ကြောင်း သိရပါတယ်။ ပထမအဆင့်အနေနဲ့ မန္တလေးတိုင်းဒေသမှာရှိတဲ့ ကျောင်းပေါင်း ၁၇ ကျောင်းမှာ စတင်မှာဖြစ်ပြီး တစ်ကျောင်းစီကို Tablet အလုံး ၁၀၀ နဲ့ Laptop ၅လုံး ခန့် ထောက်ပံ့သွားမယ်လို့ သိရပါတယ်။ မန္တလေး၊ ပဲခူးနဲ့ မြစ်ကြီးနားမြို့က အလယ်တန်းကျောင်းပေါင်း ၃၀ ကျော်ကို Mobile broadband နဲ့ အင်တာနက် ချိတ်ဆက်ပေးထားမှာ ဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှုး ဦးခင်မောင်ကျော်က ပြောပါတယ်။ ဒီစီမံကိန်းကို Ericsson က ဦးဆောင်ပြီး DFID က ငွေကြေးအထောက်အပံ့၊ UNESCO က ဆရာများကို လေ့ကျင့်သင်ကြားပေးခြင်း၊ Earth Institute,Finja Five၊ Edu Eval နဲ့ ပညာရေးဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတို့နဲ့အတူ ပူးပေါင်းလုပ်ဆောင်မှာဖြစ်ပါတယ်။ ၂နှစ်အတွင်း ကျောင်းသားပေါင်း ၂၁၀၀၀ တို့ရဲ့ ပညာသင်ကြားမှုရလဒ် တိုးတက်လာစေဖို့ ရည်ရွယ်ပြီး ကျောင်းသူများအတွက် ပညာသင်ဆုပေါင်း ၆၀၀ အထိ ချီးမြှင့်မှာဖြစ်ပြီး အလယ်တန်းအဆင့် ပြီးမြောက်တဲ့အထိ ကူညီသွားမယ်လို့ Ericsson ကနေ သိရပါတယ်။ Application ထည့်သွင်းထားတဲ့ Tablet နဲ့ Laptop တို့ကိုသုံးပြီး အင်္ဂလိပ်စာ၊ အင်တာနက်အသုံးချမှု ကျွမ်းကျင်လာစေဖို့ ရည်ရွယ်တတယ်လို့ မြန်မာ၊ လာအို၊ ဗီယမ်နမ်၊ ကမ္ဘောဒီးယား နိုင်ငံတို့ရဲ့ Ericssion ဥက္ကဌဖြစ်တဲ့ Mr.Jan Wassenius က ပြောကြားပါတယ်။ ericsson2