Myo Global consulting Co.,Ltd က ကျင်းပတဲ့ NET SUITE ERP Seminar ပွဲကို ၂၀၁၅၊ဇွန်လ ၂၉ ရက်က ရန်ကုန်မြို့ရှိ UMFCCI မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီ Seminar နဲ့ ပက်သက်ပြီး Myo Global Consulting Co.,Ltd ရဲ့ CEO Mr.Byron Hoe@ Myo Myint က ''NET SUITE ကို ကမ္ဘာပေါ်မှာ Corporation နှစ်သောင်းကျော်လောက် သုံးနေပါတယ်။ နိုင်ငံပေါင်း ၅၂ နိုင်ငံခန့် အသုံးပြုနေပြီး အာရှမှာတော့ နိုင်ငံတိုင်းနီးပါး အသုံးပြုနေပါတယ်။ သူက ကမ္ဘာ့နံပါတ်တစ် Cloud ERP Software as a Service ဖြစ်ပါတယ်။ ERP မှာ Financial Account, Customer Relationship Management,E-Commerce နဲ့ Professional Service Admission စသဖြင့် ရှိပါတယ်။ ဒီ Software မှာ customer,vendor, employees အားလုံးက Data Base တစ်ခုတည်းမှာ ရှိနေတာပါ။ဒါကြောင့် သူရဲ့အားသာချက်က စာရင်းချုပ်တဲ့အခါ အင်မတန် မြန်ဆန်တာပါ။ Industry , Whole Sale, Services Company, Architecture, Publishing, construction နဲ့ Law Service company တွေ အမျိုးစုံသုံးလို့ ရပါတယ်။'' လို့ ပြောကြားခဲ့ပါတယ်။ အသေးစိတ်သိချင်ရင် www.myoglobalacct.com မှာလည်း လေ့လာနိုင်ပါတယ်။