အလုပ်ချိန်အတွင်း ဝန်ထမ်းများ၏ Smartphone အသုံးပြုမှုကို ကန့်သတ်ထားသင့်ပါသလား

smartphone post ဆရာတို့နိုင်ငံမှာ ဒီနေ့ဖြစ်နေတာက အထူးသဖြင့် လူငယ်တွေကြားထဲမှာ Smartphone အသုံးပြုမှုက တစ်နေ့ထက် တစ်နေ့ မြင့်မားနေပါတယ်။ အမှန်တကယ်တော့ ဆရာတို့နိုင်ငံမှာ အခုမှ (သိပ်မကြာသေးပါဘူး) Smartphone ကို ဖောဖောသီသီသုံးရတော့ ''အားရပါးရ သုံးစမ်းပါစေ'' လို့ပဲ စကားဦးဆိုပါရစေ။ ဒါပေမဲ့ မေးခွန်းရှင်က ''အလုပ်ချိန်အတွင်း ဝန်ထမ်းတွေရဲ့ Smartphone အသုံးပြုမှုကို ကန့်သတ်ထားသင့်ပါသလား'' လို့ မေးထားတဲ့မေးခွန်းကိုတော့  'ဟာ... သိပ်ကန့်သတ်သင့်တာပေါ့'' လို့ပဲ တုံးတိတိဖြေချင်ပါတယ်။ အကြောင်းကတော့ မကန့်သတ်ထားရင် ဘယ်လိုလုပ်ပြီး အလုပ်တွေ ပြီးတော့မှာလဲ။ Smartphone ဆိုတာက သိတဲ့အတိုင်း Social Network  လုပ်တဲ့အခါ Smartphone အရည်အသွေးမြင့်ရင်မြင့်သလို သုံးအားကောင်းတော့ ခေါင်းပေါ်မှာရှိတဲ့ ကောင်းကင်ပေါ်က Information and Data Bank ကြီးကို ကြိုက်သလို ဆွဲယူ ဆွဲထုတ်အသုံးပြုနိုင်တယ်လေ။ ဒီတော့ အလုပ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်ဆိုရင်တော့ အလွန်တန်ဖိုးရှိသလို အလုပ်နဲ့ မပတ်သက်တဲ့ ဟိုဟာ ဒီဟာ စုံစီနဖာဆိုရင်တော့ အလုပ်ချိန်အတွင်း အလုပ်မပြီးတော့ဘဲ အဟောသိကံဖြစ်မှာ သေချာတယ်။ ဒါအပြင်Smartphone ထဲမှာပါတဲ့  Game တွေကို တစ်ခုပြီးတစ်ခု ဆော့နေရင်တော့၊ ပြီးတော့Voicemail မရသေး လို့ တော်သေး၊ ရများရရင်တော့လား ...။ တစ်ခုတော့ စဉ်းစားမိတယ်။ Smartphone ဟာ တကယ်တော့ လုပ်ငန်းခွင်အတွက် Proper Use ဆိုရင် အလွန်အသုံးဝင်ပါတယ်။ ဒါပေမဲ့ Abuse or Misure or Improper use  ဆိုရင်တော့ လုပ်ငန်းခွင်ကို အကြီးအကျယ် ထိခိုက်နိုင်တဲ့အတွက် 'ဟ' ထားလို့တော့ မရဘူး။ အတိုင်းအတာတစ်ခုထားပြီး ကန့်သတ်ထားသင့်ပါတယ်လို့ ပြောလို ပါတယ်။   စာကြွင်း ။    ။ ဆရာတို့ငယ်ငယ်က ဆော့ခဲ့တဲ့ နို့ဆီခွက်နှစ်လုံးနဲ့ အပ်ချည်ကြိုးဖုန်းတုန်းကတော့ ဘာကန့်သတ်ချက်မှ မလိုဘူးနော်။

ရဲမြင့်-စွန့်ဦးတီထွင်