Emotional Agility

Emotional Agility

by Susan David

emotional

ဒီစာအုပ်ထဲမှာ ဟားဗတ်ဆေးတက္ကသိုလ်မှ စိတ်ပညာရှင် Susan က စာဖတ်သူတွေအနေနဲ့ ကိုယ့်ခံစားချက်တွေကို ကြောက်ခြင်း၊ ချုပ်တည်းနှိပ်ကွပ်ခြင်း၊ ဒါမှမဟုတ် ချက်ချင်းလက်တွေ့လုပ်ခြင်းပြုမယ့်အစား ခံစားချက်တွေကို သုံးသပ်ဆင်ခြင်ဖို့ သင်ကြားပေးပါတယ်။ သင့်ရဲ့ ပုဂ္ဂိုလ်ရေးတန်ဖိုးတွေအကြောင်း အရေးကြီးတဲ့ သတင်းအချက်အလက်ကို သင်တူးဆွနိုင်ရင် ပြည့်ဝတဲ့ဘဝကို သင်ဖန်ဆင်းဖို့ အကူအညီရပါလိမ့်မယ်။ စာဖတ်သူတွေဟာ ကလေးတစ်ယောက်နဲ့ စကားပြောသလိုမျိုး သူတို့ဘာသာ စကားပြောရမယ်လို့လည်း Susan က သင်ပေးပါတယ်။ သင်စိတ်ဆိုးတဲ့အခါ၊ ဒါမှမဟုတ် ဝမ်းနည်းတဲ့အခါ၊ ဒါမှမဟုတ် ဘာပဲဖြစ်နေနေ ''ငါ့ခံစားချက်အတွက် တခြားရွေးချယ်မှုနှစ်ခုက ဘာတွေလဲ'' လို့ သင့်ဘာသာ ပြန်မေးပါတဲ့။ ယေဘုယျအားဖြင့် သင်စိတ်မချမ်းသာတဲ့အခါ စိတ်ချမ်းသာအောင် သင့်ဘာသာဇွတ်လုပ်ယူပါ။ မဟုတ်ရင် အနုတ်လက္ခဏာခံစားချက်တွေကို သင်ဘာမှ အကဲမဖြတ်ဘဲ လက်ခံချင်ပါလိမ့်မယ်။ သင်ကတင်းခံလေ အဲဒီအနုတ်လက္ခဏာခံစားချက်တွေက ပိုအားကောင်းလေ ဖြစ်လာမှာကြောင့်ပါပဲ။