Emirates လေကြောင်းလိုင်းက ၂၀၁၆ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှာ ဒူဘိုင်းမှ မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ကို နေ့စဉ်ပျံသန်း ပြေးဆွဲမယ့်ခရီးစဉ် ဝန်ဆောင်မှုအသစ်ကို စတင်မိတ်ဆက်လိုက်ပါတယ်။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဆိုက်ကပ်လာတဲ့လေယာဉ်အမှတ် EK388 မှာ Emirate ရဲ့ အကြီးတန်းဒုဥက္ကဌ Commerical Operation in the Far East ဖြစ်တဲ့ Mr.Badr Abbas နဲ့ Emirates လေကြောင်းလိုင်းရဲ့ အခြားအကြီးတန်းအရာရှိများက ပထမဆုံးလေယာဉ်ပျံသန်းမှု ခရီးစဉ်မှာပါဝင်ပြီး အခမ်းအနားကို တက်ရောက်ချီးမြင့်ခဲ့ပါတယ်။ ခရီးစဉ်အတွက် လေယာဉ် Boeing 777-300E ကို အသုံးပြုသွားမှာဖြစ်ပြီး ရန်ကုန်မှဟနွိုင်းကို သွားလိုတဲ့ခရီးသည်တွေအတွက် လေကြောင်းလိုင်း ခရီးစဉ်အသစ် ရွေးချယ်မှုကို ပေးစွမ်းလိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။