
Emirates လေကြောင်းလိုင်းက ဥရောပလေယာဉ် ထုတ်လုပ်ရေးကုမ္ပဏီ Airbus ဆီကနေမျိုးဆက်သစ် A350 လေယာဉ်အစီး ၇၀ မှာယူထားတာ ကို ဖျက်သိမ်းလိုက်ပါတယ်။ အဲဒီအမှာစာပမာဏဟာ Airbus က ၂၀၁၄ ခုနှစ်အတွက်ရရှိထားတဲ့ အမှာစာစုစု ပေါင်းရဲ့ ဆယ်ပုံတစ်ပုံလောက်ရှိမယ် လို့ စိစစ်လေ့လာသူတွေ ကဆိုပါတယ်။ မှာယူထားတဲ့လေ ယာဉ်တွေရဲ့တန်ဖိုး က အမေရိကန်ဒေါ်လာ ၁၆.၅ ဘီလီ ယံ (ယူရို ၁၂ ဘီလီယံ) ရှိတယ်လို့ သိရပါတယ်။ Emirates က အခုလို အမှာစာကို ရုပ်သိမ်းလိုက်တဲ့ သတင်း ကြောင့် Airbus Group ရဲ့ ရှယ်ယာ ဈေးနှုန်းဟာ ၁၁.၂၂ ယူရို (၅.၅ ရာ ခိုင်နှုန်း)အထိ ကျဆင်းသွားခဲ့ပါတယ်။ Airbus ကတော့ A350 လေယာဉ် ထုတ်လုပ်ရေးအစီအစဉ်အပေါ်မှာ ယုံ ကြည်မှုရှိနေဆဲဖြစ်ပြီး အခြားလေ ကြောင်းလိုင်း ၂၈ ခုကနေ လေယာဉ် ၇၄၂ စီး အမှာစာရရှိထားတယ်လို့ ဆိုပါတယ်။
Ref: CNA