မြန်မာအစားအစာတွေကိုမှ ကြိုက်နှစ်သက်တဲ့သူတွေအတွက် မြန်မာ့ရိုးရာစားသောက်ဆိုင်တစ်ဆိုင်ကို ဖော်ပြပေးချင်ပါတယ်။ သန့်ရှင်းသပ်ရပ်မှုကို အဓိကထားပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် ချက်ပြုတ်ပေးနိုင်တဲ့ ဒီဆိုင်လေးကို စာဖတ်ပရိသတ်အနေနဲ့ နှစ်သက်သဘောကျမှာပါ။ တကယ်တမ်းပြောရရင် နိုင်ငံတစ် နိုင်ငံရဲ့ ယဉ်ကျေးမှု ဘယ်လောက်အထိမြင့်မားသလဲ သိချင်တယ်ဆိုရင်တော့ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ကို ကြည့်ရုံနဲ့မပြီးသေးပါဘူး။ ဒါကြောင့် မြန်မာအစားအစာကို တန်ဖိုးထားပြီး မြန်မာ့ယဉ်ကျေးမှုကို မြှင့်တင်ပေးချင်တဲ့ EMERALD Traditional Cuisine အကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဆိုင်တည်နေရာ အမှတ် ၉၆၊ အင်းယားလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန် မြို့ဖြစ်ပြီး ဖုန်းနံပါတ်အနေနဲ့ ၀၁-၅၂၆၇၄၉ တို့ ဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန် ဆိုင်ဖွင့်ချိန်အနေနဲ့ နေ့လယ်စာသုံးဆောင်နိုင်ဖို့အတွက် နံနက် ၁၀း၃၀ နာရီကနေ နေ့လယ် ၂း၀၀ နာရီ အထိ ဖွင့်လှစ်ထားပြီး ညစာသုံးဆောင်နိုင်ဖို့အတွက် ညနေ ၅း၀၀ နာရီကနေ ည ၉း၀၀ နာရီအထိ ပိတ်ရက်မရှိ ဖွင့် လှစ်ထားတယ်လို့ သိရပါတယ်။ ဆိုင်နာမည်ပေးဖြစ်ပုံ ဆိုင်နာမည်ပေးဖြစ်ပုံနဲ့ပတ်သက်လို့ ဆိုင်ပိုင်ရှင်ရဲ့နာမည် ကိုယူပြီး ပေးဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဆိုင်ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက် ၊ ဆိုင်စဖွင့်တဲ့နေ့ ဆိုင်ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ ဆိုင်တာဝန် ခံ မစန်းစန်းငွေက ''မြန်မာအစားအစာတွေကို ကမ္ဘာက ပိုမိုသိရှိစေဖို့နဲ့ သန့်ရှင်းပြီး ကျန်းမာရေးအတွက်မထိခိုက် အောင် အချို့မှုန့်သုံးစွဲထားခြင်းမရှိဘဲ ယုံကြည်စိတ်ချစွာ စားသုံးနိုင်ဖို့အတွက်ရည်ရွယ်ပြီး Myanmar Fine Dining ပုံစံနဲ့ ဖွင့်လှစ်ထားခြင်း ဖြစ်ပါတယ်'' လို့ ရှင်းပြခဲ့ပါတယ်။ ဆိုင်ကိုတော့ ၂၀၁၃ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်က စတင်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ရရှိနိုင်တဲ့Menu ရရှိနိုင်တဲ့အစားအစာအနေနဲ့ မြန်မာ့ရိုးရာဟင်းလျာတွေကိုသုံးဆောင်နိုင်ပြီး Menu ပေါင်း ၇၄ မျိုးရှိ တယ်လို့ သိရပါတယ်။ ဒါအပြင် ဆိုင်တိုင်းမှာ မရနိုင်တဲ့ မြန်မာ့ရိုးရာဟင်းလျာဖြစ်တဲ့ ရဲယို ရွက်ငါးပေါင်း၊ အထူးပြုလုပ်ထားတဲ့ ဝက်အူ ချောင်း၊ ငါးဖယ်နဲ့ဖရုံသီးကြော်၊ ဘဲသား၊ အမဲနှပ်စတဲ့ အစားအစာတွေကတော့ ဒီဆိုင်ရဲ့ လူကြိုက်များတဲ့အစားအစာတွေဖြစ်တယ်လို့ ဆိုပါတယ်။ ဖျော်ရည်ထဲမှာဆိုရင် Soft Drink အမျိုးမျိုး ရရှိနိုင်ပြီး Fresh Juice ထဲမှာဆိုရင်တော့ Seasonal Fruit ဖြစ်တဲ့ သင်္ဘောသီး၊ နာနတ်သီး၊ ဖရဲသီး၊ ပန်းသီး၊ ဂရိတ်ဖုသီး၊ ကမ္ဗလာသီး၊ ထောပတ်သီး စတဲ့ရာသီလိုက်သီးနှံဖျော်ရည်တွေကို ရရှိနိုင် တယ်လို့ သိရပါတယ်။ ဈေးနှုန်းသတ်မှတ်ချက် ဈေးနှုန်းသတ်မှတ်ချက်အနေနဲ့ ဈေးနှုန်းအမြင့် ကြီးမဟုတ်ဘဲ စားသုံးသူတွေအဆင်ပြေဖို့ သင့်တင့်မျတတဲ့ဈေးနှုန်းဖြစ်အောင်သတ်မှတ် ထားပေးတယ်လို့ဆိုပါတယ်။ အနိမ့်ဆုံးဈေး ကတော့ ကျပ် ၁ç၂၀၀ ဝန်းကျင်ကစပြီး အများဆုံးဈေးကတော့ ကျပ် ၈ç၅၀၀၊ ၉ç၅၀၀ ဝန်းကျင်အထိ ရှိတယ်လို့ ဆိုပါ တယ်။ ဝန်ဆောင်မှုပိုင်း ဝန်ဆောင်မှုပိုင်းနဲ့ပတ်သက်လို့ ''အခုခေတ်မှာက အစစ အရာရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာတယ်။ အစား အသောက်နဲ့ပတ်သက်လို့လည်း လူတွေအနေနဲ့ အချိန်မပေး နိုင်တော့ဘဲ Ready Made Food တွေကို အများဆုံး စားသောက်လာကြတယ်။ ကျန်းမာရေးရှုထောင့်က ကြည့် မယ်ဆိုရင် မကောင်းနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်အိမ်လိုသဘောထားပြီးသုံးဆောင်နိုင်ဖို့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်စေဖို့ သန့်ရှင်းသပ်ရပ်မှုအပြည့်အဝပေးနိုင်တဲ့ ဝန်ဆောင်မှုမျိုးကို ပေးထားပါတယ်'' လို့ ဆိုင်ရဲ့ တာဝန် ရှိသူတစ်ဦးက ပြောပြခဲ့ပါတယ်။ ထူးခြားချက် ဒီဆိုင်ရဲ့ထူးခြားချက်တွေကတော့ ဆိုင်ရဲ့ပြင်ပမှာ Car Parking လုပ်ဖို့နေရာအကျယ်အဝန်းရှိပြီး ဆိုင်ထဲဝင် လိုက်တယ်ဆိုရင်ပဲ ဆိုင်ဝန်ထမ်းတွေရဲ့ရင်းနှီးဖော်ရွေတဲ့ ကြိုဆိုနှုတ်ဆက်မှုကို တွေ့ရမှာဖြစ်ပါတယ်။ ဒါအပြင် ဆိုင်တိုင်းမရနိုင်တဲ့ မြန်မာဟင်းလျာတွေကို သုံးဆောင်နိုင် ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် ချက်ပြုတ်ပေးထားတာ တွေက ဒီဆိုင်ရဲ့အစားအသာက်နဲ့ပတ်သက်လို့ ထူးခြားချက် တွေပါ။ ပြီးတော့ အေအေးဆေးဆေးစားသောက်လိုတဲ့ မိသားစုတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ မိတ်ဆုံစား ပွဲ၊ စားသောက်ရင်းမိမိဝန်ထမ်းတွေနဲ့ Meeting လုပ်နိုင်ဖို့ သီးသန့်ခန်းတွေ လုပ်ထားပေးတာကတော့ ဒီဆိုင်ရဲ့ထူးခြား ချက်လေးတွေပါ။ လာရောက်ကြတဲ့ဧည့်သည်တွေ လာရောက်ကြတဲ့ဧည့်သည်တွေအနေနဲ့ မြန်မာအစားအစာ ကို သန့်သန့်ရှင်းရှင်းနဲ့အရသာရှိရှိသုံးဆောင်ချင်တဲ့ မြန်မာ မိသားစုတွေ၊ မြန်မာအစားအစာကို ခုံမင်ကြိုက်နှစ်သက်တဲ့ နိုင်ငံခြားသားဧည့်သည်တွေ အများဆုံးလာရောက်စားသုံးကြ တယ်လို့ သိရပါတယ်။ စားသောက်ဆိုင်တစ်ဆိုင်ရဲ့အရေးကြီးဆုံးအချက် ''စားသောက်ဆိုင်တစ်ဆိုင်ရဲ့ အရေးကြီးဆုံးအချက်က အ စားအသောက်တွေ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ဖြစ် နေဖို့နဲ့ ဟင်းချက်ရာမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ပါဝင် ပစ္စည်းတွေကို သုံးစွဲထားခြင်းဖြစ်ပါတယ်'' လိ့ု ဆိုင်မန်နေ ဂျာကိုဖြိုးဝေစိုးကပြောပြခဲ့ပါတယ်။ အနာ၈တ်အစီအစဉ် အစားအသောက်တိုင်းရဲ့ အရည်အသွေး ပိုင်းကို ဒီထက်မက ပိုကောင်းမွန်အောင် ဆောင်ရွက်သွားပြီး Customer တွေရဲ့ ယုံကြည်မှုကို ပိုမိုရရှိအောင်ကြိုးစားသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ထပ် Special Menu တွေကို ထပ်ထည့်သွား မှာဖြစ်ပြီး ဆိုင်ခွဲအသစ်တွေ တိုးချဲ့ဖွင့်လှစ် နိုင်အောင် ကြိုးစားသွားမယ်လို့ သိရ ပါတယ်။