News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
EDULINK Australia Training Center မှ ၂၀၁၄ သြစတြေးလျ တက္ကသိုလ် လမ်းညွှန်နဲ့ပတ်သက်လို့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
Editorial
June 10, 2014
Local News
News
မြန်မာနိုင်ငံက ကျောင်းသူ ကျောင်းသားတွေ သြစတြေးလျ မှာ ပညာသင်ကြားနိုင်ဖို့ ၂၀၁၄ သြစတြေးလျ တက္ကသိုလ် လမ်းညွှန်နဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၀ ရက်က ရန်ကုန်မြို့၊ ပြည်လမ်းမပေါ်ရှိ Junction Square၊ Building (4) မှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှာ Myanmar - Australia Trade Commissioner Mr Mark Wood နဲ့ Ms Fiona Docherty တို့က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရှင်းလင်းပွဲပြုလုပ်ရတဲ့ ရည်ရွယ် ချက်နဲ့ပတ်သက်လို့ Edulink Australia Training Center ရဲ့ Business Development Manager ဒေါ်သဲပိုထွန်းက “ ဒီပွဲကိုကျင်းပရတဲ့ရည်ရွယ်ချက်ကတော့ သြစတြေးလျက တက္ကသိုလ်တွေ မှာ ကျောင်းတက်နိုင်ဖို့အတွက် လမ်းညွှန်ထားတဲ့စာအုပ်ကို မိတ်ဆက်ရှင်းလင်း ခြင်းဖြစ်ပါတယ်။ မြန်မာပြည်မှာ သိကြတဲ့အတိုင်း ကျောင်းသူကျောင်းသား အများစုဟာ မိမိရဲ့ Private Study အတွက်ကို နိုင်ငံခြားထွက်ပြီး ပညာသင့်ယူလေ့ရှိကြတယ်။ တစ်ချို့ကျောင်းသားမိဘတွေကလည်း သြစတြေးလျ ပညာရေးစနစ်ကို လိုချင်ကြတယ်။ ဒါ့အပြင် Australia နိုင်ငံရဲ့ပညာရေး ကလည်း ထိပ်ဆုံးဆယ်ခုစာရင်းထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ ဒါကြောင့် သြစတြေးလျမှာ ပညာသင်ယူလိုတဲ့ မြန်မာကျောင်းသူ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေအတွက် ရည်ရွယ်ပြီး Australia Universities Guide 2014 ကို ထုတ်ဝေရခြင်းဖြစ်ပါတယ်” ဟု ပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံရှိ Edulind Australia Training Center အနေနဲ့ သြစတြေးလျနိုင်ငံရှိ တက္ကသိုလ်ပေါင်း ၁၆ ခုနဲ့ ချိတ်ဆက်ထားပြီး သင်ကြားနိုင်တဲ့ဘာသာရပ်တွေကို မိမိစိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိ တယ်လို့သိရပါတယ်။ သတ်မှတ်အရည်အချင်း အနေနဲ့ ဆယ်တန်းအောင် ကျောင်းသူ ကျောင်းသာတွေဆိုရင်တော့ ပထမဦးဆုံး Foundation Program ကို သြစတြေးလျမှာ ၁ နှစ် တက်ရောက်ရမှာဖြစ်ပြီး Entrance စာမေးပွဲကို ဖြေဆိုရမှာဖြစ်တယ်လို့ သိရပါတယ်။ ဘွဲ့ရကျောင်းသူ ကျောင်းသားတွေအတွက် တော့ သြစတြေးလျနိုင်ငံက အသိအမှတ်ပြုထားတဲ့ ကျောင်းဖြစ် တယ်ဆိုရင်တော့ Foundation Program ကို တက်ရောက်စရာမလိုဘဲ တိုက်ရိုက်ပညာသင်ကြားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဖုန်း ၀၉ ၄၂၁၁၁၉၈၉၅၊ ၀၉ ၇၃၁၆၂၅၈၆ ကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ နိုဝင်ဘာလ ၁ ရက်မှ ၇ ရက်အထိ တစ်ပတ်စာဟောစာတမ်း