Dulux ရဲ့ အဆင့်မြင့်ကုန်ပစ္စည်းအသစ် ၂ မျို းနှင့် Dulux Visualizer App တို့အား မြန်မာနိုင်ငံတွင်မိတ်ဆက်

Deliux1

 

Dulux မှ မြန်မာနိုင်ငံအတွင်းရှိ ဘုရားစေတီပုထိုးများနဲ့ ဘာသာရေး အဆောက်အဦးများတွင် အသုံးပြုနိုင်ရန် Dulux Brilliance Gold ရွှေဆေးနဲ့ အဆောက်အဦးအတွင်း အလှဆင်သုတ်ဆေးအဖြစ် Dulux Ambiance တို့အား စတင်မိတ်ဆက်ခြင်းအခမ်းအနားကို မန္တလေးမြို့၊ ဆီဒိုးနားဟိုတယ်တွင် ၂ဝ၁၆ခုနှစ်၊ ဇွန်လ ၂ဝရက်က ပြုလုပ်ခဲ့ပါတယ်။ 

”မြန်မာနိုင်ငံဈေးကွက်အတွင်းဝင်ရောက်ဖို့ ကျွန်တော်တို့အနေနဲ့ များစွာစိတ်လှုပ်ရှားမိပါတယ်။ ယခုထုတ်လုပ်လိုက်တဲ့ ထုတ်ကုန်အသစ်ဟာ မြန်မာနိုင်ငံရဲ့ ခန့်ညားထည်ဝါတဲ့ ယဉ်ကျေးမှုကို ချီးကျူးဂုဏ်ပြုရင်းနဲ့ တိုးတက်လာမဲ့ အနာဂတ်ကို လှမ်းမျှော်ကြည့်ခြင်းလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် ရွှေရောင်ဟာ အရေးကြီးတဲ့အရောင်ဖြစ်ပြီး မြင့်မြတ်ခြင်းနဲ့ ချမ်းသာကြွယ်ဝခြင်းကို ကိုယ်စားပြုတာကြောင့်  မြန်မာလူမျိုးများရဲ့ ယဉ်ကျေးမှုကို အသိအမှတ်ပြုတဲ့အနေနဲ့ Dulux Brilliance Gold ကို ဖန်တီးခဲ့တာဖြစ်ပါတယ်။ Dulux Brilliance Gold ရွှေဆေးဟာ ရွှေအစစ်ကဲ့သို့ အရောင်အဆင်းရှိပြီး မူလအရောင်အတိုင်းတာရှည်ခံပါတယ်။ မြန်မာနိုင်ငံဈေးကွက်အတွက် ယခုလို ကုန်ပစ္စည်းမျိုးကို ဖန်တီးရတဲ့အတွက် ဝမ်းမြောက်ရပြီးလုပ်ငန်းရှင်များနဲ့ သုံးစွဲသူများ၏အားပေးမှုကို မျှော်လင့်ပါတယ်”ဟု AkzoNobel Decorative Paints ရဲ့ Managing Director (South East, South Asia and Middle East) Mr.Jeremy Rowe က ပြောကြားခဲ့ပါတယ်။

Dulux မှ ဖန်တီးထားတဲ့ Dulux  Visualizer Application ကိုအသုံးပြုပြီး မိမိနေအိမ်အဆောက်အဦများအား မိမိစိတ်ကြိုက် အရောင်များ ချယ်သနိုင်ကြောင်းလည်း အခမ်းအနားမှာ မိတ်ဆက်ခဲ့ပါတယ်။ ဆေးသုတ်လိုသည့် အခန်းတဝိုက်အား လက်ကိုင်ဖုန်းဖြင့်Scan ဖတ်လျှင်  Dulux Visualizer မှ Scan ဖတ်ထားတဲ့ ပုံကိုVideo ဒါမှမဟုတ် ဓာတ်ပုံ file အဖြစ် သိမ်းဆည်းပေးမှာဖြစ်ပြီး Application အတွင်းရှိ  အရောင်မျိုးစုံ နမူနာတွေထဲက  နှစ်သက်ရာအရောင်ကို ရွေးချယ်ပြီး အခန်းကို ကိုယ့်စိတ်ကြိုက်အလှဆင် စမ်းသပ်ကြည့်နိုင်အောင်မှာဖြစ်တယ်လို့သိရပါတယ်။ 

“AkzoNobel ဟာ သုံးစွဲသူတွေရဲ့လိုအပ်ချက်နဲ့ ပတ်သက်ပြီး အကောင်းဆုံးအဖြေတွေ ပေးနိုင်ဖို့ အဆင့်မြင့် တီထွင်ထုတ်လုပ်သူ ဖြစ်လိုပါတယ်။ အရောင်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုမှာလဲ ဦးဆောင်သူဖြစ်တဲ့အတွက် သုံးစွဲသူတွေအနေနဲ့ နံရံတွေကိုအလှဆင်ဖို့ နောက်ထပ်ဆေးရောင်တစ်ရောင် ရွေးချယ်ရတာဟာ လွယ်ကူတဲ့အလုပ် မဟုတ်တာကို နားလည်ပါတယ်။ သုတေသနစစ်တမ်းတွေအရ သုံးစွဲသူ ၃၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့အိမ်ကို ဆေးသုတ်လိုက်ရင် ဘယ်လိုပုံစံရှိမလဲလို့ အတော်မှန်းဆကြည့်ရပါတယ်။ ၃၉ ရာခိုင်နှုန်းကတော့ ကတော့ မဝယ်မီ မိတ်ဆွေတွေ၊ မိသားစုဝင်တွေနဲ့ တိုင်ပင်လေ့ရှိပါတယ်။ Dulux Visualizer App ကတော့အဲဒီ လိုအပ်ချက် နှစ်ခုစလုံးကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မယ်” Mr. Jeremy Rowe က ရှင်းပြခဲ့ပါတယ်။ 

၂ဝ၁၄ခုနှစ်တွင် ပထမဆုံးမိတ်ဆက်ခဲ့ပြီး ဆုများစွာရရှိခဲ့သည့် အဆိုပါအက်ပလီကေးရှင်းကို နိုင်ငံပေါင်း ၁၂၀ တွင် သုံးစွဲသူပေါင်း ၁ဝသန်းခန့် Download ဆွဲယူခဲ့ပါတယ်။ ၂ဝ၁၆ ခုနှစ် မေလတွင် Visualizer App Version 3 အား AkzoNobel ရုံးချုပ်တည်ရှိရာ နယ်သာလန်နိုင်ငံတွင် စတင်မိတ်ဆက်ခဲ့ဲပြီး ယခုအခါ နိုင်ငံပေါင်း ၄ဝ တွင် စတင်အသုံးပြုနိုင်နေဖြစ်ဖြစ်ပါတယ်။ ဒီ App Version အသစ်ဟာ Video ရိုက်ကူးနိုင်မှုစွမ်းရည်ကို မြှင့်ထားပြီး အရောင်ရွေးချယ်မှုနည်းပညာအပြင် လူမှုကွန်ယက်များတွင် မျှဝေနိုင်ရန်အတွက်လည်း ထည့်သွင်းထားပေးကြောင်းသိရပါတယ်။ မြန်မာနိုင်ငံမှာတော့ Dulux Visualizer 3.0 ကို ယခုနှစ်ကုန်ပိုင်းတွင် စတင်အသုံးပြုနိုင်မှာဖြစ်ပြီး လက်ရှိအချိန်တွင် Visualizer 2.0 ကို iOS နဲ့ Android ဖုန်းအားလုံးတွင် အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ 

Dulux အမှတ်တံဆိပ်ကို  အဆောက်အဦအလှဆင် သုတ်ဆေးများ (paints) နဲ့ အပေါ်ထပ်သုတ်ဆေးများ (coatings) များကို ကမ္ဘာအနှံ့ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာနေသော AkzoNobel ကုမ္ပဏီက ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။ 

 

Deliux2