DKSH ရဲ့ Healthcare ဖြန့်ချိရေး စင်တာသစ်ဖွင့်လှစ်

DKSH 7 စားသောက်ကုန်နဲ့ ဆေးဝါးတွေကို တင်သွင်းဖြန့်ချီနေသော အာရှရဲ့ ထိပ်တန်းကုမ္ပဏီတွေထဲက တစ်ခုဖြစ်တဲ့ DKSH ဟာ နောက်ဆုံးပေါ် နည်းပညာတွေကို အသုံးပြုထားတဲ့ ဆေးဝါးသိုလှောင်ဖြန့်ချီရေး စင်တာသစ်ဖွင့်ပွဲကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့က အဆိုပါ ဆေးဝါးသိုလှောင်ဖြန့်ချီရေးစင်တာသစ်တည်ရှိရာ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုံ အမှတ် (၃) မှာကျင်းပခဲ့ပါတယ်။ အဲ့ဒီပွဲမှာတော့ ရှေးဦးစွာ DKSH (Myanmar ) မှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Mr. Dr. Varum  ကဖွင့်အမှာစကားပြောကြားပြီးနောက် ဆေးဝါးသိုလှောင်ဖြန့်ချီရေးစင်တာကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။ DKSH ဟာဆိုရင် အခုဖွင့်လှစ်လိုက်တဲ့ ဖြန့်ချီရေးစင်တာကို ဗဟိုပြုပြီးတော့ ၂၈,၃၀၀ ကျော်ရှိတဲ့ ဆေးရုံ၊ ဆေးခန်း၊ ဆေးဆိုင်တွေနဲ့အတူ အရောင်းဆိုင်တွေကို အချိန်နဲ့ တပြေးညီ ဖြန့်ချီသွားမှာ ဖြစ်တယ်လို့ လည်းသိရပါတယ်။ ဆွစ်ဇာလန်နိုင်ငံ Zurich မြို့မှာရုံးချုပ်တည်ရှိထားတဲ့ DKSH ဟာနိုင်ငံပေါင်း ၃၅ နိုင်ငံမှာ လုပ်ငန်းနေရာပေါင်း ၇၃၅ ခုရှိနေပြီး ကျွမ်းကျင်ဝန်ထမ်းပေါင်း ၂၇,၂၀၀ နဲ့လည်ပတ်နေတယ်လို့ သိရပါတယ်။ ၁၉၉၅ ခုနှစ်မှာ မြန်မာနိုင်ငံတွင် စတင်ရင်းနှီးမြှုပ်နှံခဲ့ပြီးတော့ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီးနဲ့ မောင်လမြိုင်မြို့တွေမှာ ရုံးတွေဖွင့်လှစ်ကာ ဝန်ထမ်း ၁,၆၀၀ ကျော်နဲ့ လည်ပတ်နေတယ်လို့ သိရပါတယ်။ DKSH 1 DKSH 6 DKSH 5 DKSH 4 DKSH 3 DKSH 2