ဒဏ္ဍာရီထဲက The Myths

ဒီတစ်လ CEO စာဖတ်ပရိသတ်တွေအတွက် ဒဏ္ဍာရီဆန်တဲ့ အငွေ့အသက်တွေကို ခံစားနိုင်စေမယ့်အပြင် ကျယ်ဝန်းသပ်ရပ်တဲ့နေရာ လေးမှာ မိသားစုအလိုက်ပဲဖြစ်ဖြစ် ချစ်သူခင်သူတွေနဲ့ပဲလာလာ အဆင်ပြေနိုင်တဲ့ စားသောက်ဆိုင်တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ ထိုင်းအစားအစာကို အဓိကထားပြီး အနောက်တိုင်း အစားအစာနဲ့ တရုတ်အစားအစာတွေကိုပါ ရနိုင်တဲ့အပြင်  Weekend Special အဖြစ် စင်တင်တေးဂီတကိုပါ တွဲဖက်နားဆင်နိုင်မယ့် The Myths အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ဆိုင်တည်နေရာ

အမှတ် ၁၈၊ သုခဝတီလမ်း၊ ၆ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပါတယ်။ ဖုန်းနံပါတ်တွေ ကတော့ ၀၉-၄၃၁၆၈၈၀၈၊ ၄၃၁၈၂၁၆၆ တို့ကို ဆက် သွယ်နိုင်ပါတယ်။ E-mail အနေနဲ့က themyths.2013@gmail .com ဖြစ်ပြီး Facebook အနေနဲ့ကတော့ www.facebook.com/The Myths ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

ဆိုင်စဖွင့်တဲ့နေ့နဲ့ ဆိုင်ဖွင့်ချိန်

၂၀၁၃ ခုနှစ် သြင်္ကန်မတိုင်ခင်က စတင်ဖွင့်လှစ် ခဲ့တာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကတော့ မနက် ၁၀ နာရီကနေ ည ၁၂ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားတာ ဖြစ်ပါ တယ်။

ဆိုင်အပြင်အဆင်ပိုင်းနဲ့ ထူးခြားချက်

ကျယ်ဝန်းသပ်ရပ်တဲ့ ဆိုင်အပြင်အဆင်ကို ဆိုင် ထဲဝင်ဝင်ချင်းမှာကတည်းက သတိပြုမိစေပါတယ်။ နှစ်ထပ် အဆောက်အအုံဖြစ်ပြီး အပေါ်ထပ်မှာ စင်တင်တေးဂီတကို ခံစားရင်းနဲ့ လွတ်လွတ်လပ်လပ် သုံးဆောင်နိုင်သလို အောက်ထပ်မှာလည်း အေးအေးဆေးဆေး စားသုံးချင်သူတွေ အတွက် အဆင်ပြေစေမယ့်နေရာဆိုလည်း မမှားနိုင်ပါဘူး။ Beverage & DRinks မျိုးစုံကို Customer စိတ်တိုင်းကျ သုံးဆောင်နိုင်ဖို့အတွက် Bar သပ်သပ်ထားရှိပါတယ်။ စင်တင်တေးဂီတဖျော်ဖြေပွဲတွေကတော့ တစ်ပတ်ကို သုံးရက် (သောကြော၊ စနေ၊ တနင်္ဂနွေ) နေ့တွေရဲ့ ညပိုင်းမှာ ပြု လုပ်ပေးတယ်လို့ သိရပါတယ်။ Customer တွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်စေဖို့အတွက် ဟင်းလျာတွေမှာ ပါတဲ့ အသား၊ ငါးတွေကို လတ်ဆတ်မှုရှိအောင် မနက် တစ်ခါ၊ နေ့ခင်းတစ်ခါ စစ်ဆေးတယ်လို့ ဆိုပါတယ်။

 

ရနိုင်တဲ့ Menu များ

ထိုင်းအစားအစာကို အဓိကထားတဲ့The Myths မှာဆိုရင် Thai Food နဲ့ပတ်သက်ရင် Appetizer အနေ နဲ Grilled Pork Neck ၊ Grilled Beef ၊ Deep Fried Chicken Wings ၊ Deep Fried Prawn Patties & Fish Patties ၊ Thai Chicken Cakes ၊ Thai Salad rSmqdk&if Minced Chicken Salad ၊ Fried Egg Salad ၊ Thai Style Octopus Salad ၊ Thai Style Soup နဲ့ Curry ၊ Thai Style ထမင်းကြော်နဲ့ ခေါက်ဆွဲကြော်တွေအပြင် အခြားဟင်း အမယ်တွေ စုံစုံလင်လင်နဲ့ ရရှိနိုင်ပါတယ်။ တစ်ယောက်စာ ပဲသုံးဆောင်လိုတဲ့ Customer  တွေအတွက် One Portion (တစ်ယောက်စာ) ဟင်းပွဲမျိုးစုံကိုလည်း ရရှိနိုင်ပါတယ်။ ထိုင်းငါးပိထောင်းနဲ့ တို့စားရတဲ့ တန်ပူရာကပ်ပြီး ကြော်ထားတဲ့ အသီးအရွက်အစုံကြော်ကလည်း The Myths ရဲ့ လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်တယ်လို့ သိရပါ တယ်။ အနောက်တိုင်းအစားအစာတွေလည်း ရရှိနိုင်တဲ့  Sandwich ၊ Burger၊ ၊  Schnitzel Hotdog ၊ Snacks ၊ Pasta ၊ Salad ၊ Soup နဲ့ Main Dish တွေကို European Style အနေနဲ့ သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။ Lamp (သိုးသား) ကိုလည်း Main Dish အနေနဲ့ ရရှိနိုင်ပါတယ်။ Beverage & Drink မှာဆိုရင် ကော်ဖီပူ၊ ကော်ဖီအေး၊ Fresh Brewed Coffee ၊ Coffee Freeze  ၊ Frappuccino ၊ Float ၊ Smoothies တွေကို ရရှိနိုင်ပါတယ်။ လတ်ဆတ်သန့်ရှင်းတဲ့ Barzil ကော်ဖီစေ့ စစ်စစ်ကိုသာ အသုံးပြုထားတာဖြစ်တယ်လို့ သိရပါတယ်။ Non- Coffee Drink တွေဖြစ်တဲ့  Milk Shakes ၊ Hot Milk ၊ Italian Soda ၊ Seasonal Fresh Juice နဲ့ Yogurt Drink  တွေကိုလည်း ရရှိနိုင်ပါတယ်။

 

လာရောက်ကြတဲ့သူတွေ

နိုင်ငံခြားသားဧည်သည့်တွေ၊ ရှမ်းတရုတ်တွေ အပြင် ထိုင်းအစားအစာကို နှစ်သက်တဲ့ မြန်မာတွေလည်း လာရောက်စားသုံးကြတယ်လို့ သိရပါတယ်။

 

အနာဂတ်ရည်မှန်းချက်

အကောင်းဆုံးဝန်ဆောင်မှုတွေနဲ့ Customer  စိတ် ကျေနပ်မှု အပြည့်အဝရရှိစေချင်တဲ့ The Myths ဟာ နောက်ထပ်ဆိုင်ခွဲတွေ ထပ်ဖွင့်ဖို့ ပြင်ဆင်နေတယ်လို့ သိရ ပါတယ်။

 မို့မို့လတ်မောင်

[gdl_gallery title="Gallery5" width="200" height="200" galid="5" ]