မလေးရှားနိုင်ငံရဲ့ Digital Free Trade Zone (DFTZ) ဟာ မလေးရှားနိုင်ငံရဲ့ Digital စီးပွားရေးအဖွဲ့(MDEC) နဲ့ တရုတ်ပြည်ရဲ့ Alibaba အဖွဲ့ကြားက အာမခံတစ်ခုအဖြစ် ၂၀၁၇ ခုနှစ် နိုဝင်ဘာလက အသက်ဝင်ခဲ့ပါတယ်။ ယင်းအာမခံချက်က မလေးရှားနိုင်ငံကို ကမ္ဘာ့ဈေးကွက်အတွက် ထောက်ပံ့ပို့ဆောင်မှု အဓိကဖြစ်စေရုံသာမကဘဲ မလေးရှားနိုင်ငံအပါအဝင် အခြားအာဆီယံနိုင်ငံတွေအတွက်ပါ ဈေးကွက်အခွင့်အလမ်းသစ်တွေနဲ့ ပြိုင်ဆိုင်မှုတွေကိုပါ ဖွင့်ပေးလိုက်နိုင်ပါတယ်။
DFTZ မှာလုပ်ကိုင်မယ့် SME လုပ်ငန်းတွေဟာ Alibaba ရဲ့ OneTouch e-services ရဲ့ တစ်စိတ်တပိုင်းဖြစ်သွားပြီး Alibaba ရဲ့ Electronic တရုတ်ပြည်ဌာနချုပ်အောက်က World Trade Platform နဲ့ တိုက်ရိုက်ချိတ်ဆက်နေမှာဖြစ်ပါတယ်။ ဒီလိုချိတ်ဆက်လိုက်တာက SME တွေ ကမ္ဘာ့ကုန်သွယ်ရေးဈေးကွက်မှာ ကြုံကြိုက်ရတဲ့ အခက်အခဲတွေ၊ စည်းမျဉ်းစည်းကမ်းတွေကို ဖယ်ထုတ်နိုင်ဖို့ ဖြစ်ပါတယ်။
SME တွေအနေနဲ့ DFTZ မှာ Register လုပ်လိုက်တာက Malaysian Brand တွေရဲ့ Promotion တွေကို ခံစားစေနိုင်ပြီး သူတို့ရဲ့ကိုယ်ပိုင်ပစ္စည်းတွေကို လွယ်ကူစွာရောင်းဝယ်ဖောက်ကားစေနိုင်ခြင်းအပြင် ကုန်သွယ်ရေးအတွက် စည်းမျဉ်းစည်းကမ်းတွေ၊ အခက်အခဲတွေကိုပါ လျော့ချနိုင်ပါတယ်။