News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Diamond Inya Palace Condominium အရောင်းပြပွဲနှင့် သတင်းစာရှင်းလင်းပွဲ
Editorial
December 12, 2014
Local News
News
Singapore နိုင်ငံက နာမည်ကျော် Designer ရေးဆွဲပြီး Singapore မှ ကျွမ်းကျင်ပညာရှင်တွေနဲ့အတူ Mandalay Golden Wing Construction Co. Ltd (M.G.W) ကနေ ဆောက်လုပ်နေတဲ့ Diamond Inya Palace Condominium အရောင်းမိတ်ဆက်ပွဲနဲ့ သတင်းစာရှင်းလင်းပွဲကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်က အဆိုပါ Condo တည်ရှိရာ အမှတ် ၂၊ ဦးထွန်းငြိမ်းလမ်း၊ မရမ်းကုန်းမြို့နယ်နဲ့ Chew Q (Thai Restaurant) ကန်ရိပ်သာလမ်း၊ မရမ်းကုန်းမြို့နယ်တို့မှာ ပူးတွဲကျင်းပခဲ့ပါတယ်။ အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာတော့ MGW ရဲ့ General Manager တွေက Condo နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို မိတ်ဆက်ပြောကြားခဲ့ပြီး တာဝန်ရှိသူတွေက လည်းလာရောက်လေ့လာ ကြည့်ရှုကြသူတွေ သိလိုသမျှကို ရှင်းလင်းပြောပြခဲ့ကြပါတယ်။ Diamond Inya Palace Condo ဟာအထပ်ပေါင်း ၃၄ ထပ်ပါရှိပြီး ရန်ကုန်မြို့ရဲ့ လက်ရှိကွန်ဒိုတွေထဲမှာ အမြင့်ဆုံးဖြစ်လာမယ်လို့ သိရပါတယ်။ အဆိုပါကွန်ဒိုမှာ အခန်းပေါင်း ၄၀၀ ပါရှိမှာဖြစ်ပြီး 1
st
Floor ကနေ 5
th
Floor အထိကို ကားပါကင်အဖြစ်ထားရှိပေးထားမှာဖြစ်ရာ ကားစီးရေ ၅၁၄ စီးခန့်ဝင်ဆန့်တယ်လို့ သိရပါတယ်။ အခန်းတွေအားလုံးကို နိုင်ငံတကာအဆင့်မီ 5 Star Hotel Grade ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ဆိုပါတယ်။ ထူးခြားမှုအနေနဲ့လည်း ၆ လွှာ နဲ့ ၂၂ လွှာတို့မှာ ရန်ကုန်မြို့မှာ အရှည်ဆုံးနဲ့ အကျယ်ဆုံးဖြစ်မယ့် ရေကူးကန်တွေ ထားရှိပေးမှာလည်းဖြစ်ပါတယ်။ ဝယ်ယူသူတိုင်းအတွက်လည်း အဆောက်အဦးအပြင် မြေပိုင်ဆိုင်မှုကိုပါ ရရှိမှာဖြစ်ပြီး ကြည်လင်သန့်ရှင်းတဲ့ အင်းယားကန်ရေပြင်နဲ့အတူ ရွှေတိဂုံဘုရားကိုပါ တွေ့မြင်ဖူးမျှော်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါကွန်ဒိုကို ၂၀၁၆ သြဂုတ်လကုန်မှာ အပြီးသတ်တည်ဆောက်သွားမယ်လို့ သိရပါတယ်။ ဝယ်ယူလိုတွေအနေနဲ့ ပထမဦးဆုံး အရစ်ကျ ၅၀ ရာခိုင်နှုန်း အရင်ပေးချေရမှာဖြစ်ပြီး အပေါ်ဆုံးထပ် ၃၄ လွှာအမိုးပြီးမှ နောက်ထပ် ၅၀ ရာခိုင်နှုန်း အရစ်ကျ ပေးရမှာဖြစ်တယ်လို့လည်း သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း