Diamond Class Co Ltd ရဲ့ ဇာထိုးပန်းထိုး အရောင်းပြခန်းနဲ့ စက်ရုံဖွင့်ပွဲ

 Diamond 5

Diamond Class Co Ltd ရဲ့ ဇာထိုးပန်းထိုး အရောင်းပြခန်းနဲ့ စက်ရုံဖွင့်ပွဲကို ၂၀၁၄ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်က ရန်ကုန်မြို့ တောင်ဥက္ကလာပစက်မှုဇုံရှိ အဆိုပါစက်ရုံမှာ ကျင်းပခဲ့ပါတယ်။ ပွဲမှာ Diamond Class Co Ltd ရဲ့ Managing Director ဒေါ်နုယဉ်ထွေးက အဖွင့်အမှာစကားနဲ့အတူ စက်ရုံကနေ ယက်လုပ်ပေးမယ့် ဇာထိုးပန်းထိုး Product များအကြောင်းကို ရှင်းလင်းပြောပြခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်၊ Diamond Class Co Ltd ရဲ့ ဥက္ကဌ ဒေါ်ကျင်ခိုင်၊ Managing Director ဒေါ်နုယဉ်ထွေးတို့က စက်ရုံဆိုင်းဘုတ်ကို စက်ခလုတ်နှိတ်ကာဖွင့်လှစ်ပြီး ပြခန်းနဲ့ စက်ရုံအတွင်းကို လှည့်လည်ကြည့်ရှုခဲ့ကြပါတယ်။ Diamond Class Co Ltd ကနေ နိုင်ငံတကာအဆင့်မီ ချိတ်များ၊ ရွှေချည်ထိုးများ၊ ပန်းများကို ဒီဇိုင်းဆွဲကာ ထုတ်လုပ်ပေးမှာဖြစ်ပြီး စီးကွင့်များ၊ ယူနီဖောင်းများမှာ တပ်ဆင်မယ့် ကုမ္ပဏီအမှတ်တံဆိပ်များနဲ့ အခြားသောဒီဇိုင်းအမျိုးမျိုးကိုလည်း အထူးလက်ခံပြီး ပြုလုပ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ Diamond 4 Diamond 3 Diamond 2