DFDL နှစ် ၂၀ ပြည့် အခမ်းအနား

မြန်မာနိုင်ငံမှာ ဥပဒေနဲ့ အခွန်ဆိုင်ရာဝန်ဆောင်မှုများဆောင်ရွက်ပေးနေတဲ့ အပြည်ပြည် ဆိုင်ရာကုမ္ပဏီ DFDL ရဲ့အနှစ် ၂၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်၊ ည ၆ နာရီခွဲမှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ထွန်းငြိမ်းလမ်းရှိL'ALCHIMISTE French Restaurant မှာ ကျင်းပခဲ့ပါတယ်။ DFDL ဟာမြန်မာနိုင်ငံအတွင်း လုပ်ကိုင်လျက်ရှိတဲ့ ပြည်တွင်း၊ ပြည်ပက ရင်းနှီးမြှုပ်နှံသူတွေကို ဥပဒေ နဲ့ အခွန်ဆိုင်ရာ ဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ DFDL ကို ၁၉၉၅ ခုနှစ်မှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံမှာ သက်တမ်းအရှည်ကြာဆုံး ဥပဒေနဲ့ အခွန်ဆိုင်ရာ နိုင်ငံခြားကုမ္ပဏီတွေထဲ မှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ DFDL 1   DFDL 2   DFDL 4 DFDL 3