Depression တွေကို ဘယ်လို Remedy ပြန်လုပ်ရမလဲ

  article landscape wartermark final လုပ်ငန်းခွင်ထဲက ရလာတဲ့  Depression တွေကို ဘယ်လို Remedy ပြန်လုပ်ရမလဲ သိချင်ပါတယ်။ မေးတဲ့မေးခွန်းလေးက စိတ်ဓာတ်ကျတာကိုဖြေဖို့ ''ဖြေဆေး'' တောင်းတဲ့သဘောပေါ့နော်။ ဒါပေမဲ့ တစ်ခုသတိပြုမိတာက အပြင်ကရတဲ့ Depression မဟုတ်ဘဲ လုပ်ငန်းခွင်ထဲကရ တဲ့ဟာဖြစ်နေတယ်ဆိုတော့ တစ်မျိုးစဉ်းစားရမှာပေါ့။ ဖတ်ရလွယ်အောင် နံပါတ်စဉ်တပ်ပြီး ဖြေလိုက်ပါတယ်ဗျာ။   (၁)     ''ငါ့လိုလူစား အများကြီးဟေ့'' ဆိုတာလေး ကြားဖူး မှာပေါ့။ ကိုယ့်ရဲ့ ၃၆၀ ဒီဂရီပတ်ဝန်းကျင်မှာ လုပ် ငန်းခွင်ကရလာတဲ့ Depression ကြောင့် ဘာတွေ ဖစ်နေတာကြသလဲဆိုတာ ငဲ့စောင်းကြည့်လိုက်စမ်းပါ။ တင်းနေတဲ့ Tension လေး 'လျော့' သွားပါလိမ့် မယ်။ (၂)     ''ကိုယ်ကောင်းပါလျက်သားနဲ့ သူ မကောင်းလို့လား၊ ဒါမှမဟုတ် သူကောင်းပါလျက်သားနဲ့ ကိုယ်ကကို မကောင်းတာလား'' ဆိုတဲ့ Root Cause  ကို ရှာ ကြည့်။ တွေ့ရင်တော့ပြင်ကြည့်။ (၃)     အကယ်၍ Root Cause  မတွေ့ရင် ဆက်မရှာပါနဲ့။ နောက်ထပ် Depression  အသစ်တစ်ခုတိုး လာဦးမယ်။ ထားလိုက်စမ်းပါ (Let it be))။ (၄)     ကိုယ်အားကိုးတဲ့လူကြီးတစ်ယောက်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပြီး အကြံဉာဏ်တောင်းလိုက်။ (၅)     အများလုပ်ကြတာက စိတ်ငြိမ်သက်လာအောင် ပုတီးစိပ်၊ တရားထိုင် (မိမိကိုးကွယ်သည့်ဘာသာအရ လွတ် လပ်စွာလုပ်ရန်)။ ပြီးတော့ သက်ဆိုင်သူတွေကို မေတ္တာပို့။ (၆)     ကိုယ့်မိသားစု၊ ဒါမှမဟုတ် ကိုယ့်ချစ်သူ၊ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်းတွေနဲ့ ခရီးရက်ရှည်ထွက်၊ ဒါမှမဟုတ် ဘုရားဖူးထွက်။ (၇)     ဒါတွေ ဒါတွေ လုပ်လို့မှ မရရင်တော့The last remedial  action အနေနဲ့ ဒီအလုပ်ကို သတ္တိရှိရှိ ကျောခိုင်းလိုက်ပါလို့ ဆရာ့အနေနဲ့ လေးလေးနက်နက် အကြံပေးလိုပါတယ်။ အကြောင်းကတော့ Depression  ပြင်းထန်လာရင် သူ့ရဲ့ Consequences (အကျိုးဆက်) တွေကဆိုးတယ်ကွဲ့။ လက်တွေ့ပါ။ အထူးမှာလိုတာက အရက်မသောက်ပါနဲ့။ ဥပဒေမဲ့တာတွေ မလုပ်ပါနဲ့။ ပိုဆိုးလိမ့်မယ်။ နောက်တစ်ခုက ကိုယ်ခံစားရတဲ့ Depression က တကယ်ပဲ Depression အစစ်လားဆိုတာ ပထမဆုံး Identify  လုပ်ဖို့ လိုလိမ့်မယ်။ အတွေ့အကြုံအရ ပြောရရင်တော့ အလုပ်လုပ်တဲ့အခါမှာ တစ်ခါတစ်ခါ မတော်တဆ ခလုတ်တိုက်မိတာမျိုးရှိတတ်ပါ တယ်။ အဲဒါ Depression မဟုတ်ဘူးနော်။ တစ်ပတ်လောက် နဲ့သူဟာသူ အငွေ့ပြယ်သွားတတ်ပါတယ်။ အခု ဆရာရေးပြတဲ့ Remedial Action  တွေဟာ 'In order of merit '  မဟုတ်ဘူးနော်။ အဆင်ပြေတဲ့ အချက်က စပြီးထလုပ်နိုင်ပါတယ်။ မေးခွန်းရှင်ရဲ့ Depression ဟာ အငွေ့လေး ဖြစ်ပါစေလို့ ဆရာဆုတောင်းလိုက်ပါတယ်။ စာကြွင်း ။    ။ အခု ဒီမေးခွန်းဖြေနေတုန်း ဂျာနယ် တစ်စောင်ထဲမှာ ဆရာဝန်မတစ်ဦးရေးထားတဲ့စာ ဖတ် လိုက်ရတယ်။ စိတ်ဓာတ်ကျရင် ကခုန်ပါ၊ သီချင်းဆိုပါတဲ့၊ စိတ်ဓာတ်မြင့်တက်လာမှာတဲ့ ။

ရဲမြင့် - စွန့်ဦးတီထွင်