Dentons က မြန်မာနိုင်ငံတွင်ရုံးခွဲသစ်ဖွင့်လှစ်

Dentos1ကမ္ဘာတစ်ဝှမ်း ဥပဒေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်နေတဲ့ Dentons ဟာ အရှေ့တောင်အာရှဒေသအတွင်း ဈေးကွက်ပိုမိုချဲ့ထွင်နိုင်ဖို့ ရည်ရွယ်ပြီး ရန်ကုန်မှာ  ရုံးခွဲသစ် ဖွင့်လှစ်ခဲ့ပါတယ်။ Mark Livingston က အရည်အချင်းပြည့်ဝတဲ့ ရှေ့နေတွေပါဝင်ဖွဲ့စည်းထားတဲ့ Livingstons Legal အဖွဲ့ကို ဦးဆောင်ပြီး Dentons မြန်မာလီမိတက်ရဲ့ Resident Partner အဖြစ် တာဝန်ယူ လုပ်ကိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံရှိ Dentons ရုံးဟာ စင်ကာပူနိုင်ငံမှာ နှစ်ကာလ အကြာမြင့်ဆုံး အခြေစိုက်ပြီး စီးပွားရေးလုပ်ငန်းအများအပြားကို ဥပဒေဆိုင်ရာဝန်ဆောင်မှုများ ပံ့ပိုးပေးနေတဲ့ Dentons Rodyk နဲ့ အနီးကပ်လက်တွဲလုပ်ကိုင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းလဲလာတဲ့အတွက် ကုမ္ပဏီနဲ့ လက်တွဲလုပ်ကိုင်နေတဲ့ အာရှဒေသနဲ့ ကမ္ဘာတစ်ဝန်းမှ ကုမ္ပဏီတွေအတွက်  နိုင်ငံတွင်းဈေးကွက်နဲ့ ပြည်ပနိုင်ငံတွေမှာရှိတဲ့ ဈေးကွက်အခွင့်အလမ်းများစွာကို လမ်းဖွင့်ပေးလိုက်ပါပြီ” လို့ Dentons ရဲ့ ကမ္ဘာလုံးဆိုင်ရာဥက္ကဌဖြစ်သူ Joe Andrew ပြောပါတယ်။

 “မြန်မာနိုင်ငံဆိုတာ ကမ္ဘာ့စိတ်လှုပ်ရှားစရာအကောင်းဆုံး ဈေးကွက်နယ်ပယ်ဒေသတွေထဲက အချက်အခြာကျတဲ့ အရေးပါတဲ့တိုးတက်ဖွံ့ဖြိုးဆဲ ဈေးကွက်တစ်ခုဖြစ်ပါတယ်။ ထွန်းသစ်စ စီးပွားရေးဈေးကွက်တွေ အောင်အောင်မြင်မြင်လည်ပတ်နိုင်ဖို့ရာ ယုံကြည်အားထားရပြီး အရည်အသွေးမြင့်တဲ့ ဥပဒေစည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာ ဝန်ဆောင်မှုများရရှိဖို့က အလွန်အရေးပါပါတယ်။ Dentons အနေနဲ့ ယခုလို မြန်မာနိုင်ငံအတွင်း ရောက်ရှိလာပြီး၊ နိုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသွားနိုင်မှာ ဖြစ်တဲ့အတွက် ဝမ်းမြောက်မိပါ တယ်” လို့ သူက ဆက်လက်ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို နောက်လာမယ့် ငါးနှစ်မှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခွင့်အလမ်းတစ်ခုအဖြစ် မြင်ပါတယ်။ ရန်ကုန်ရုံးသစ်က ၎င်းတို့ ဝန်ဆောင်မှုပေးမယ့် စီးပွားရေးလုပ်ငန်းတွေ အခြေခိုင်မာဖို့နဲ့ ဖွံ့ဖြိုးကြီးထွားလာဖို့ ရည်မှန်းချက်ကို အဓိကထားပြီး ဥပဒေဆိုင်ရာ ဝန်ဆောင်မှုအမျိုးမျိုးကို အကြံဉာဏ်ပေးသွားမှာ ဖြစ်ပါတယ်” လို့ Dentons  စင်ကာပူနိုင်ငံဆိုင်ရာ အလုပ်အမှုဆောင်ချုပ်၊ ကမ္ဘာလုံးဆိုင်ရာ ဒုတိယဥက္ကဌဖြစ်သူ၊ ထို့ပြင် Dentons Rodyk ရဲ့ ဒေသဆိုင်ရာ အလုပ်အမှုဆောင်ချုပ်လည်းဖြစ်သူ မစ္စတာ Philip Jeyaretnam က ပြောကြားခဲ့ပါတယ်။   

Dentons  ဟာ မြန်မာနိုင်ငံရုံးခွဲအပါအဝင် ကမ္ဘာတစ်ဝန်းနိုင်ငံပေါင်း ၆၀ ကျော်ရှိရုံးခွဲပေါင်း ၁၅၀ ကျော်တွင် ဝန်ထမ်းပေါင်း ၈၀၀၀ ကျော် က Dentons အတွက် တာဝန်ထမ်းဆောင်လျက်ရှိသည်။