စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ဖတ်သင့်တဲ့ စာအုပ် ၄ အုပ်

allin

'All In' by Bill Green

လုပ်ငန်းတစ်ခုတည်ထောင်ဖို့က လွယ်ကူတဲ့အရာပါလို့ တွေးကြတဲ့ ပထမဦးဆုံးအနေနဲ့စပြီး စွန့်ဦးတီထွင်လုပ်မယ့် လုပ်ငန်းရှင်တွေ မဖြစ်မနေဖတ်ရမယ့်စာအုပ်ပါ။ နာမည်ကို 'All In' လို့ပေးထားတဲ့ စာရေးဆရာ Bill Green ရဲ့ ရည်ရွယ်ချက်က စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအနေနဲ့ ကြီးပွားတိုးတက်မှုကို ရှာဖွေရာမှာ တွန်းအားဖြစ်စေဖို့နဲ့ အရာရာတိုင်းကို အမှန်အတိုင်း ရှုမြင်တတ်စေဖို့ပါ။ စာရေးသူရဲ့ ကိုယ်ပိုင်လုပ်ငန်းကို ကြီးပွားတိုးတက်စေခဲ့တဲ့ အတွေးအခေါ်လေးပေါ်အခြေခံပြီး 'All in' ကို ဘယ်လိုမျိုး သွားရတယ်ဆိုတာနဲ့ ပန်းတိုင်မရောက်မချင်းမရပ်တန့်ဖို့ကို Green ရဲ့ ဒီစာအုပ်ထဲမှာ ဖော်ပြထားပါတယ်။

ဒီစာအုပ်မှာ Green ရဲ့ နှိမ့်နှိမ့်ချချအစပျိုးခံရပုံတွေ၊ အခက်အခဲကြားက ကိုယ်စွမ်းကိုယ်စနဲ့ ရုန်းထွက်နိုင်ဖို့ ဘယ်လိုစိတ်ထားမျိုးထားခဲ့တယ်ဆိုတာတွေနဲ့ နောက်ဆုံးမှာ အောင်မြင်တဲ့ကုမ္ပဏီတစ်ခု တည်ထောင်နိုင်တဲ့အထိ တိုးတက်လာပုံတွေကို ဖတ်ရှုရမှာဖြစ်ပြီး စိတ်ခွန်အားရစေမယ့် စာအုပ်ဖြစ်ပါတယ်။

themiracle

'The Miracle Morning For Entrepreneurs' by Hal Elrod and Cameron Herold

စာရေးသူ Hal Elrod ရဲ့ မူရင်းစာအုပ် 'The Miracle Morning' က ကိုယ့်ကိုယ်ကိုယ်တိုးတက်စေမယ့် အနီးကပ်သင်ရိုးလေးတစ်ခုပါ။ ဒီစာအုပ်ထဲမှာတော့ အရောင်းရဆုံးစာရေးဆရာနဲ့ လေးစားရတဲ့ လုပ်ငန်းဆိုင်ရာသင်တန်းပေးသူလည်းဖြစ်တဲ့ Cameron က အသိအမြင်တွေကို ထပ်ထည့်ထားပါတယ်။

ဒီစာအုပ်ထဲမှာ သင့်ဘဝကို ပုဂ္ဂိုလ်ရေးအရရော၊ လုပ်ငန်းသဘောအရပါ အပြုသဘောဆောင်တဲ့ပြောင်းလဲမှုကို ဖန်တီးနိုင်ဖို့နဲ့ ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ပြီး နေ့စဉ်လေ့ကျင့်လုပ်ဆောင်သွားရမယ့် အရာခြောက်ခုကို ဖော်ပြပေးထားပါတယ်။ ဒီအချက်တွေက အောင်မြင်တဲ့လုပ်ငန်းနဲ့ ကိုယ့်ရဲ့လူနေမှုဘဝကြားမှာ မျှတမှုရှိအောင် နေနိုင်စေမှာပါ။ ဒါကြောင့် ကိုယ့်လုပ်ငန်းနဲ့ မိသားစုဘဝနှစ်ခုလုံးမှာ အဆင်ပြေစေမယ့်နည်းတွေပါဝင်တဲ့ စာအုပ်ကောင်းလေးပါ။

beobsessed
 

'Grit'by Angela Duckworth

အောင်မြင်မှုကို လုပ်ငန်းစဉ်တစ်ခုအနေနဲ့ လျှော့ချနိုင်လား။ လျှော့နိုင်တယ်လို့ ရှေ့ပြေးစိတ်ပညာရှင်နဲ့ New York Times ရဲ့ အရောင်းရဆုံးစာရေးဆရာမလည်းဖြစ်တဲ့ Angela Duckworth က တွေးပါတယ်။ ဒါကို 'grit' လို့ သူက ခေါ်လိုက်ပါတယ်။ "Grit" ဆိုတဲ့အရာက တစ်စုံတစ်ယောက်ကို ထူးချွန်စေတဲ့အရာကို ရှာဖွေပေးပါတယ်။ အဲဒါက ကိုယ်ရည်ကိုယ်သွေးလည်းမဟုတ်ဘူး၊ မွေးရာပါဉာဏ်ကောင်းမှုလည်း မဟုတ်ဘူးဆိုတာကို စာရေးသူက ရှာတွေ့ထားပါတယ်။

ဒီစာအုပ်ထဲမှာ စာရေးသူက အအောင်မြင်ဆုံးလူတွေက သူတို့ရဲ့ကိုယ်ပိုင်အရည်အသွေးကို သူတို့ဝါသနာ အပါဆုံးအရာတွေနဲ့ နေ့စဉ်လုပ်နေကျအရာတွေကတစ်ဆင့် ရှာဖွေတွေ့ခဲ့တာဖြစ်ကြောင်းကို အောင်မြင်တဲ့  ပုဂ္ဂိုလ်တွေနဲ့ အင်တာဗျူးတွေနဲ့ သူတို့ရဲ့ဇာတ်လမ်းတွေက စိတ်ဝင်စားဖွယ်ရာ ရေးသားထားပါတယ်။

grit

'Be Obsessed or Be Average' by Grant Cardone

အောင်မြင်တဲ့ကုမ္ပဏီငါးခုရဲ့ ပိုင်ရှင်ဖြစ်ပြီး သန်းကြွယ်သူဌေးဖြစ်တဲ့ စာရေးသူ Grant Cardone ရဲ့ ဒီစာအုပ်က New York Times ရဲ့ အရောင်းရဆုံးစာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်ခေါင်းစဉ်လေးက အောင်မြင်မှုကို အမှန်တကယ်ရဖို့အတွက် ဘယ်လောက်ထိအောင်မြင်မှုကို ရချင်စိတ်ရှိရမယ်ဆိုတာကို သတိပေးထားခြင်းပါ။

ဒီစာအုပ်ထဲမှာ အောင်မြင်မှုရဖို့က အခြေခံစည်းမျဉ်းသုံးခုကနေ ဖြစ်လာတာလို့ စာရေးသူက သူ့ရဲ့အမြင်ကို ပြောထားပါတယ်။ ပန်းတိုင်ကို ချမှတ်ချင်စိတ်ရှိခြင်းနဲ့ ရည်မှန်းချက်ထားခြင်း၊ ငွေကိုတန်ဖိုးထားခြင်းနဲ့ အသုံးချခြင်း၊ ကိုယ့်ကိုမုန်းတီးနေတဲ့သူတွေကို အသုံးချခြင်းတွေနဲ့ပတ်သက်ပြီး အကျယ်တဝင့်ဖတ်ရှုရမယ့် စာအုပ်ဖြစ်ပါတယ်။

ဆင့်ဆင့်စိုး