ရေးသူ - Malcoim Gladwell စာမျက်နှာပေါင်း - ၃၂၀ မျက်နှာ ထုတ်ဝေသူ - Little, Brown and Company အရွယ်အစား - ဝ” x ၅.၉” x ၈.၉” ထုတ်ဝေသည့်နေ့ - First Edition, ၁-၁၀-၂၀၁၃ ISBN- 10:0316204366 ISBN- 13:978-0316204361 စာအုပ်ရဲ့ခေါင်းစဉ်က ခရစ်ယာန်သမ္မာကျမ်းစာထဲမှာပါတဲ့ လူလုံးလူဖန်အင်မတန်ထွားကြိုင်တဲ့ Goliath နဲ့ သာမန်သိုး ကျောင်းသားလေး David တို့ရဲ့ယှဉ်ပြိုင်တိုက်ကြတဲ့ပွဲမှာ အားနည်းတဲ့ David က ကျောက်ခဲနဲ့ လောက်လွှဲထက် မပိုတဲ့လက်နက်နဲ့ အနိုင်ယူခဲ့ပုံကို ထင်ဟပ်ပြသတဲ့ခေါင်းစဉ် ဖြစ်ပါတယ်။ အကြောင်းအရာကလည်း လက်တွေ့လူ့ဘဝမှာ အားနည်းချက်တွေကြားက အောင်မြင်မှုတွေ ဘယ်လိုရယူ နိုင်ခဲ့ကြတယ်ဆိုတာကို လက်တွေ့ဖြစ်ရပ်တွေ (ဥပမာအား ဖြင့်Lawrence of Arabia, Martin Luther Kung စတဲ့ ပုဂ္ဂိုလ်တွေရဲ့အားကျဖွယ်အကြောင်းအရာတွေ) ကို ဖော်ပြ ရေးသားထားတယ်။ စာရေးသူက တစ်ခါတစ်ရံ ဘဝမှာ အခက်အခဲတွေ ရှိတာကပဲ ခပ်ကောင်းကောင်းလို့ ဆိုရမလို၊ အားသာချက်တွေ၊ အဆင်ပြေတာတွေရှိပေမဲ့ အောင်မြင်မှု တွေရလိမ့်မယ်လို့ ကျိန်းသေတွက်လို့မရပုံ စသဖြင့် သုံးသပ် တင်ပြထားတယ်။ အားတက်ဖွယ် ဖြစ်ရပ်တွေအနေနဲ့ ဥပမာအားဖြင့် Battle of Britain ကို သမိုင်းမှာ ထင်ရှားတဲ့ တိုက်ပွဲကိုလည်း ဖတ်ရှုရမှာ ဖြစ်တယ်။ စာရေးသူဟာ ၂၀၀၀ ပြည့်နှစ်အတွင်း The Tipping Point ဆိုတဲ့အရောင်းရဆုံးစာအုပ်နဲ့ ၂၀၀၈ ခုနှစ် အတွင်း အရောင်းရဆုံး Outliers ဆိုတဲ့ စာအုပ်တွေကိုရေး သားခဲ့သူဖြစ်တယ်။ ယနေ့ခေတ်ပေါ်အယူအဆတွေမှာ ဂုရုကြီးတစ်ဆူလို ဖြစ်နေတဲ့ စာရေးသူ Malcolm Gladwell ဟာ စီးပွား ရေးလုပ်ငန်း၊ သိပ္ပံနဲ့သမ္မာကျမ်းစာ စတဲ့ နေရာအမျိုးမျိုး ကနေ အချက်အလက်တွေကို ရယူစုစည်းပေါင်းစပ်သုံးသပ်ကာ ကမ္ဘာလောကကြီးကို အတွေးအမြင်သစ်တွေနဲ့ ရှုမြင်ထားတယ် လို့ Reader's Digest ဝေဖန်ရေးဆရာက ဆိုပါတယ်။