ဆိုင်တည်နေရာ အမှတ် ၈၊ မြေညီထပ်၊ Junciton Square နဲ့ မျက်နှာချင်းဆိုင်၊ ပြည်လမ်းနဲ့ ကျွန်းတောလမ်းထောင့်၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားပါတယ်။ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကတော့ ၀၉-၄၂၀၀၃၃၁၁၉ ဖြစ်ပါတယ်။ ဆိုင်စဖွင့်တဲ့နေ့နဲ့ ဆိုင်ဖွင့်ချိန် ၂၀၁၂ ဇူလိုင်လက စတင်ဖွင့်လှစ်ခဲ့တာဖြစ်တဲ့အတွက် ဆိုင်သက်တမ်း တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ မနက် ၁၁ နာရီက ည ၁၁ နာရီအထိ ပိတ်ရက်မရှိ ဖွင့်လှစ်ထားပါတယ်။ ဆိုင်နာမည်ပေးဖြစ်ပုံ International Language ဖြစ်တဲ့ English လို Dailycious ကို ပေးလိုက်ရတာဟာ လူမျိုးဘာသာမရွေး လာရောက်စားသုံးနိုင်အောင် ရည်ရွယ်ခဲ့တာပါလို့ သိရပါတယ်။ ဆိုင်အပြင်အဆင်ပိုင်း ထိုင်းမှာရှိတဲ့ စားသောက်ဆိုင်ပုံစံလေးတွေကိုကြည့်ပြီး ဆိုင်ကို ဟိုကအတိုင်း စိတ်အေးချမ်း တည်ငြိမ်တဲ့ အပြင်အဆင်မျိုးနဲ့ ပေါင်းစပ်ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ရနိုင်တဲ့ Menu ပိုင်း Thai Salad မှာဆိုရင် ငါးခူမွကြော်သုပ်၊ စပါး လင်သုပ်၊ ပဲကြာဇံသုပ်၊ သင်္ဘောသီးသုပ်၊ သင်္ဘောသီး ထောင်း၊ ကိုက်လန်ကြွပ်ဝက်သားကင်ထောင်း၊ ဆားဘဲဥနဲ့ ပြောင်း ဖူးထောင်းတို့ကို လူကြိုက်များတယ်လို့ သိရပါတယ်။ Deep Fried မှာဆိုရင် ကြက်တောင်ပံကြော်၊ ယိုးဒယားငါး ဖယ်ကြော်၊ ပုစွန်ငါးဆုပ်မှုန့်ကပ်ကြော်၊ Stir Fried မှာတော့ ကြက်သားသီဟိုဠ်စေ့ကြော်၊ ယိုးဒယားပင်စိမ်းရွက်ကြော်၊ Soup မှာ တုံယမ်းဟင်းရည်၊ အစိမ်းရောင်အုန်းနို့ဟင်းရည်၊ Chilli Paste မှာ ယိုးဒယားပုစွန်ငါးပိထောင်း၊ ပုစွန်ဆီ ထမင်းကြော်၊ ငါးသလောက်အစပ်ထမင်းကြော်၊ ပင်လယ် စာထမင်းပေါင်း၊ ယိုးဒယားခေါက်ဆွဲကြော် Steak မှာ ဝိုင် ဖြူငါး အသားလွှာနဲ့Dailycious ဝက်သား စတာတွေဟာ လည်းDailycious ရဲ့ လူကြိုက်များတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ ဒါ့အပြင် European Food ၊ Dessert ၊ Beverage အတွက် အသီးဖျော်ရည်၊ ကော်ဖီ၊ လက်ဖက် ရည်၊ နို့လက်ဖက်အေး စတာတွေအပြင် အခြားMenu တွေ လည်း ရရှိနိုင်ပါတယ်။ လာရောက်ကြသူတွေ ထိုင်းအစားအစာတွေဟာ မြန်မာလူမျိုးတွေအတွက် သိပ်မစိမ်းလှတဲ့အတွက် မြန်မာတွေရော ထိုင်းလူမျိုးတွေပါ အများဆုံးလာရောက်စားသုံးကြပါတယ်။ ထိုင်းအစားအစာကို ကြိုက်နှစ်သက်တဲ့ နိုင်ငံခြားသားတွေကလည်း ပုံမှန်လာ ရောက် စားသုံးနေတယ်လို့ သိရပါတယ်။ ထူးခြားချက် သန့်ရှင်းသပ်ရပ်ပြီး ထိုင်ချင်စရာကောင်းတဲ့ ဆိုင် အပြင်အဆင်တွေနဲ့Dailycious ဆိုင်မှာ ထိုင်းစားဖိုမှူးရဲ့ လက်ရာက ထိုင်းနိုင်ငံမှာ သွားရောက်စားသုံးနေသည့်အလား ခံစားမှုနဲ့ အရသာမျိုးကို ရရှိစေတယ်လို့ သိရပါတယ်။ ဆိုင်ဝန်ထမ်းတွေရဲ့ ဝန်ဆောင်မှုကလည်း စားသုံးသူတွေကို ကျေနပ်မှုရရှိစေ ပါတယ်။ ဆိုင်ရဲ့ လိုအပ်တဲ့ ပစ္စည်းအသေး အမွှားလေးတွေကအစ အကုန်လုံး ထိုင်းကနေမှာယူတာ ဖြစ်တယ်လို့ သိရပါတယ်။ Discount အစီအစဉ် Member Card ထားရှိပေးထားပြီး Member ဝင်တွေကို ၁၀ ရာခိုင်နှုန်းDiscount ပေးပါတယ်။ လအလိုက် Promotion တွေလည်း လုပ်ပေးနေတယ်လို့ သိရပါတယ်။