ဂျပန်အာမခံကုမ္ပဏီက အမေရိကန်အာမခံကုမ္ပဏီကို ဝယ်ယူလုပ်ကိုင်မယ်

article landscape wartermark final8 ဂျပန်နိုင်ငံရဲ့Dai-ichi  အသက် အာမခံကုမ္ပဏီဟာ အမေရိကန်ပြည်ထောင်စုရဲ့ အသက်အာမခံကုမ္ပဏီ Protective Life  ကို ဒေါ်လာ ၅.၇ ဘီလီယံနဲ့ ဝယ်ယူလုပ်ကိုင်မယ်လို့ သိရပါတယ်။ ဒါဟာ ဂျပန်အာမခံလုပ်ငန်းတွေ နိုင်ငံခြားအထိ ဖြန့်ကျက်လုပ်ကိုင်ဖို့ ဆန္ဒ ကို ပြသလိုက်တာဖြစ်တယ်။ ပြည် တွင်းမှာ ဂျပန်လူမျိုးတွေ သက်တမ်းပို ရှည်လာကြတဲ့အတွက် အသက်အာမခံ ဈေးကွက်က ကျုံ့လာပါတယ်။ အမေရိ ကန် ပြည်ထောင်စုကတော့ ကမ္ဘာမှာ အသက်အာမခံဈေးကွက် အကြီးဆုံး ပါပဲ။ Dai-ichi  ဟာ အခုအခါ ဗီယက်နမ်၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီး ရှားနဲ့ သြစတြေးလျတို့မှာ လုပ်ကိုင်နေ တယ်။ အခုလို ဝယ်ယူလုပ်ကိုင်မယ့် ကိစ္စကို အမေရိကန်ကုမ္ပဏီဘက်က ရှယ်ယာဝင်တွေက သဘောတူဖို့လည်း လိုပါတယ်။ သဘောတူ မတူကို သြ ဂုတ်လ၊ ဒါမှမဟုတ် စက်တင်ဘာလ ထဲမှာ မဲပေးဆုံးဖြတ်မှာ ဖြစ်တယ်။ ဂျပန်မှာရော အမေရိကန်မှာပါ ပြဋ္ဌာန်း ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ လည်း ညီညွတ်ဖို့ လိုသေးတယ်။ ဘာပဲဖြစ်ဖြစ် ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ထဲလောက်မှာ ဒီကိစ္စပြီးပြတ်မယ်လို့ သိရတယ်။

   Ref: AP