ဆိုက်ပရပ်နိုင်ငံက တရုတ်ရင်းနှီးမြှုပ်နှံမှုကို မျှော်လင့်

China -Cyprus copy ဆိုက်ပရပ်နိုင်ငံဟာ တရုတ်ကုမ္ပဏီတွေနဲ့အတူ စွမ်းအင်ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ဆန္ဒရှိနေပါတယ်။ ပိုမိုကြီးမားတဲ့ ဥရောပဈေးကွက်ကို တရုတ်ကုမ္ပဏီတွေ လက်လှမ်းမီအောင် ဆိုက်ပရပ်နိုင်ငံက ကြားခံဆောင်ရွက်ပေးလိုတာ ဖြစ်ပါတယ်လို့ ဆိုက်ပရပ်နိုင်ငံရဲ့ စွမ်းအင်၊ ကူးသန်းရောင်းဝယ်ရေး၊ စက်မှုလုပ်ငန်းနဲ့ ခရီးသွား လာရေးဝန်ကြီး Yiorgos Lakkotrypis ကပြောပါတယ်။ သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ရင် နှစ်ဦးနှစ်ဖက်အကျိုးရှိကြောင်း သူက ဆိုပါ တယ်။ ဥရောပရဲ့ငွေကြေးအကျပ်အတည်းကြောင့် လက်ရှိ ဘဏ္ဍာရေး အကျပ်အတည်း ရင်ဆိုင်နေရတဲ့ ဆိုက်ပရပ်နိုင်ငံဟာ ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ ကနေ စီးပွားရေး ပြန်လည်ဦးမော့လာနိုင်ဖို့ မျှော်လင့်လျက်ရှိပါတယ်။ Ref: China Daily