News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
Cycle & Carriage Automobile Myanmar က မန္တလေးတွင် နာမည်ကြီးကား Brand ၄ မျိုး မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ
Editorial
January 10, 2015
Car
Leisure
Local News
News
Cycle & Carriage Automobile Myanmar (CCAM) က မန္တလေးကားချစ်သူတွေအတွက် Mercedes-Benz ၊ Mazda ၊ Fuso နဲ့ Changan ကား လေးမျိုးကို မိတ်ဆက်တဲ့အခမ်းအနားနဲ့ Showroom ဖွင့်ပွဲအခမ်းအနားကို မန္တလေးမြို့၊ ၂၆ လမ်းနဲ့ ၆၆ လမ်းဆုံမှာရှိတဲ့ ဆီဒိုးနားဟိုတယ်မှာ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က ကျင်းပခဲ့ပါတယ်။ မန္တလေးမြို့မှာ တရားဝင်အရောင်းပြခန်း နှစ်ခုဖွင့်လှစ်ကာ မန္တလေးမြို့ ဆီဒိုးနားဟိုတယ်မှာရှိတဲ့ Mercedes-Benz Display Center မှာ ဂျာမဏီနိုင်ငံက တိုက်ရိုက်တင်သွင်းတဲ့ Mercedes-Benz ကားတွေကို ပြသရောင်းချသွားမှာဖြစ်ပြီး အမှတ် ၁၀(အေ)၊ ၇၇ လမ်းနဲ့ ၃၅ လမ်းထောင့်၊ မဟာအောင်မြေမြို့နယ်မှာ ဖွင့်လှစ်ထားတဲ့ Multi-Showroom မှာ Mazda ၊ Fuso နဲ့ Changan ကားအမျိုးအစားတွေကို ပြသရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးမြို့ရှိ ဝယ်ယူသူတွေရဲ့ စိတ်ချမ်းသာမှုကို ဦးတည်ပြီး CCAM က နိုင်ငံတကာဝါရင့်အင်ဂျင်နီယာပညာ
ရှင်တွေက နာမည်ကြီး ကားလေးမျိုးအတွက် ပြုပြင်ထိန်းသိမ်းခြင်း ဝန်ဆောင်မှုတွေကို ထောက်ပံ့ပေးသွားမယ်လို့လည်း သိရပါတယ်။ ကားအမျိုးအစားလေးခုအတွက် ဝန်ဆောင်မှုတွေကို Multi-Showroom တစ်နေရာတည်းမှာ ရရှိနိုင်တယ်လို့လည်း သိရပါတယ်။ “ကျွန်တော်တို့အနေနဲ့ အခုလို မန္တလေးမြို့မှာ Showroom တွေကို လာရောက်တိုးချဲ့ဖွင့်လှစ်ခွင့်
ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်။ မန္တလေးမြို့မှာရှိတဲ့ ကျွန်တော့်မိတ်ဆွေတွေက မန္တလေးမြို့မှာ အရောင်းပြခန်း ဘယ်တော့ဖွင့်မှာလဲလို့ မကြာခဏ မေးလေ့ရှိပါတယ်။ အခုတော့ ကျွန်တော့်မိတ်ဆွေတွေကို 'မန္တလေးမြို့ရှိ ဝယ်ယူသူတွေလည်း တရားဝင်အရောင်းကိုယ်စားလှယ်ဆီကေ
န အရည်အသွေးကောင်းမွန်တဲ့ ကားအမျိုးအစားတွေကို တိုက်ရိုက်ဝယ်ယူနိုင်ပြီ'လို့ သတင်းကောင်းပေးနိုင်ပါပြီ” လို့ CCAM ရဲ့ Managing Director ဦးအောင်မိုးကျော်က ပြောကြားခဲ့ပါတယ်။ CCAM ရဲ့ General Manager Mr. Chin Kee Min ကလည်း “မန္တလေးမြို့မှာ အရည်အသွေးမြင့်ကားတွေကို တရားဝင်အရောင်းပြခန်း တစ်ခုမက နှစ်ခုကို လာရောက်ဖွင့်လှစ်နိုင်တဲ့အတွက် အလွန်ပဲစိတ်လှုပ်ရှားမိပါတယ်။ လူသိများ ထင်ရှားတဲ့ ကားအမျိုးအစားတွေကို မိတ်ဆက်ခွင့်ရတဲ့အတွက် အခုဆိုရင် မတူညီတဲ့ဈေးကွက်က ဝယ်ယူသူတွေရဲ့ မတူညီတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တော့မှာပဲ ဖြစ်ပါတယ်။ ဒါအပြင် မန္တလေးမြို့ရှိ ကျွန်တော်တို့ရဲ့ ကားအားလုံးအတွက် အတွေ့အကြုံရင့် ကျွမ်းကျင်ပညာရှင်တွေနဲ့ ကားပစ္စည်း အစစ်အမှန်တွေကိုသာ အသုံးပြုပြီး ဝန်ဆောင်မှုပေးသွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း