ဖောက်သည်ဝန်ဆောင်မှုဆိုင်ရာ လိုက်နာသင့်တဲ့ ကျင့်ဝတ် စည်းမျဉ်းတချို့

ဖောက်သည်ဝန်ဆောင်မှုဆိုင်ရာ လိုက်နာသင့်တဲ့ ကျင့်ဝတ် စည်းမျဉ်းတချို့ကို သိချင်ပါတယ်။ ဖောက်သည်တွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ ဖောက် သည်ဝန်ဆောင်မှုနည်းဗျူဟာဟာ ကုမ္ပဏီရဲ့ရည်မှန်းချက်တွေ ကို ကောင်အထည်ပေါ်စေ သလို ဖောက် သည်တွေကို ပိုမို ထိန်းထားနိုင်ပြီး အမြတ်အစွန်းလည်း များများရရှိစေပါတယ်။  

အခြေခံအချက်တွေ

ဝန်ထမ်းတွေအနေနဲ့ ဖောက်သည်တွေနဲ့ဆက်ဆံရာမှာ သိထား သင့်တဲ့ အခြေခံအချက်တွေကတော့ ဖောက်သည်တွေနဲ့ပတ် သက်ပြီး အကောင်းမြင်စိတ်ထားခြင်း၊ မျက်လုံးချင်း ဆက်သွယ် ခြင်းနဲ့ အပြုံးနဲ့ဆက်ဆံခြင်း စတဲ့အချက်တွေအပြင် ဖောက် သည်တွေရဲ့ ဈေးဝယ်အတွေ့အကြုံတွေကို မေးမြန်းခြင်းနဲ့ နှုတ် ခွန်းဆက်စကားဆိုခြင်း စတဲ့အချက်တွေလည်း ပါဝင်ပါတယ်။  

မိမိရဲ့ထုတ်ကုန်ပစ္စည်းကို သိကျွမ်းနားလည်မှုရှိခြင်း

ယေဘုယျအားဖြင့် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မိမိတို့ရဲ့ ထုတ်ကုန်ပစ္စည်းတွေကို သိကျွမ်းနားလည်ဖို့ ဖောက်သည် တွေက မျှော်လင့်တတ်ကြပါတယ်။ ဖောက်သည်တွေက ထုတ်ကုန်ပစ္စည်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုခုနဲ့ ပတ် သက်ပြီးမေးမြန်း လာရင် မသိဘူးဆိုတဲ့အဖြေက လုံးဝမဖြစ် သင့်ပါဘူး။ ဖောက်သည်တွေကို အမြဲတမ်း ထိန်းထားနိုင်ဖို့ ဆိုရင်တော့ မိမိရဲ့ထုတ်ကုန်ပစ္စည်းတွေကို ကောင်းကောင်း သိကျွမ်းနားလည်မှုရှိတာအပြင် ဖောက်သည်တစ်ယောက်ချင်း စီအတွက် သင့်တင့်လျောက်ပတ်တဲ့ အကြံဉာဏ်မျိုးကို ပေးတတ်ဖို့ အရေးကြီးပါတယ်။  

ဖောက်သည်တွေနဲ့ဆက်ဆံရေးတည်ဆောက်ခြင်း

ဖောက်သည်တွေနဲ့ဆက်ဆံရေးတိုးတက်အောင် အလေးထား လုပ်ဆောင်တာဟာ မိမိကုမ္ပဏီရဲ့ လေးနက်တဲ့တန်ဖိုးကို ပေါ်လွင်စေပါတယ်။ ဖောက်သည်တွေနဲ့ စကားစမြည်ပြော ဆိုဖို့ အချိန်ယူပြီး လုပ်ငန်းအရ ဆက်ဆံရေးအပြင် ပုဂ္ဂိုလ် ရေးဆက်ဆံမှုတည်ဆောက်ဖို့လည်း အရေးကြီးပါတယ်။  

ကတိတည်ခြင်း

လုပ်ငန်းတစ်ခုရဲ့ ထူးကဲပြောင်မြောက်တဲ့ နာမည်ကောင်းပုံ ရိပ်ဟာ အဲဒီလုပ်ငန်းက ဖောက်သည်တွေကို ဝန်ဆောင်မှု ပေးမယ်လို့ ပြောထားတာတွေကို  ဘယ်လောက် အထိ ကတိတည်ပြီး ဖြည့်ဆည်းပေးသလဲဆိုတဲ့အပေါ်မှာ မူတည် နေပါတယ်။ ပေးထားတဲ့ကတိကဝတ်ကို ဖြည့်ဆည်းဖို့ ပျက်ကွက်တာဟာ မိမိရဲ့ ကုန်ပစ္စည်း၊ ဒါမှမ ဟုတ် ဝန် ဆောင်မှုနဲ့ပတ်သက်ပြီး ဖောက်သည်တွေရဲ့စိတ်မှာ အပျက် သဘောဆောင်တဲ့သဘောထားတွေ ဖြစ်ပေါ်စေပါတယ်။  

ဖောက်သည်ကအမြဲတမ်းမှန်ကန်ခြင်း

သိပ်အကောင်းမြင်တာမခံရတဲ့ “ဖောက်သည်က အမြဲတမ်း မှန်တယ်” ဆိုတဲ့ သဘောတရားက ဖောက်သည်တွေကို ဆုံးရှုံးရမှာထက် ပိုပြီးတိုးပွားလာဖို့ ကူညီပေး ပါတယ်။ ဒီသ ဘောတရားကို ကျင့်သုံးတာနဲ့ သင့်ရဲ့ဖောက်သည်တွေဟာ သူတို့ကိုယ်သူတို့ ယုံကြည်မှုတိုးသွားကြပြီး စိတ်ချမ်းသာမှု ရရှိသွားကြမှာဖြစ်သလို သင့်ရဲ့ကုန်ပစ္စည်း၊ ဒါမှမဟုတ် ဝန်ဆောင်မှုအပေါ်မှာ ပိုပြီးကျေနပ်အကောင်းမြင်လာကြမှာ ဖြစ်ပါတယ်။  

မျှော်မှန်းထားတာထက်ပိုပြီး ဖြည့်ဆည်းပေးခြင်း

ဖောက်သည်တွေရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးရာမှာ သူတို့မျှော်မှန်းထားတဲ့ အတိုင်းအတာထက် ပိုပြီး ဝန်ဆောင် မှုပေးနိုင်ဖို့ဟာ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပစ္စည်းကိုဝယ်တဲ့အတွက် ရိုးရှင်းတဲ့ဖုန်းခေါ်ဆိုပြီး ကျေးဇူး တင်စကားပြောတာမျိုး၊ ကျေးဇူးတင်ကြောင်း ဖော်ပြထားတဲ့ ကတ်ကို အီးမေးလ်နဲ့ပို့ပေးတာမျိုးနဲ့ အထူးလျှော့ဈေး တစ်ကြိမ်ပေးတာမျိုးတွေဟာ ဖောက်သည်ရဲ့မျှော်မှန်းချက်ထက် သာလွန်ပြီး ဖြည့်ဆည်းဝန်ဆောင်မှုပေးတာပဲဖြစ်ပါတယ်။  

မကျေနပ်ချက်တွေကိုဖြေရှင်းဆောင်ရွက်ပေးခြင်း

ဖောက်သည်တွေရဲ့ မကျေနပ်ချက်တွေကို ဂရုတစိုက်နဲ့ ဖြေရှင်းဆောင်ရွက်ပေးတာဟာ အရေးကြီးတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်။ အကြောင်းကတော့ လုပ်ငန်းအများစု အတွက် ဖောက်သည်တွေကို ထိန်းသိမ်းရတဲ့အတွက် ကုန်ကျတဲ့ ကုန်ကျစရိတ်ဟာ ဖောက်သည်အသစ်တွေကို ရှာဖွေတဲ့ အတွက် ကုန်ကျတဲ့ကုန်ကျစရိတ်ထက် ပိုပြီးအကုန်အကျ များလေ့ရှိလို့ပဲဖြစ်ပါတယ်။ လုပ်ငန်းတွေအနေနဲ့ ဖောက်သည် တွေရဲ့ မကျေနပ်ချက်တွေကို အမြန်ဆုံးနဲ့ အထိရောက် ဆုံးဖြေရှင်းဆောင်ရွက်ပေးဖို့ လိုပါတယ်။ ဝယ်ထားတဲ့ပစ္စည်း အတွက် ငွေပြန်အမ်းတာ၊ ကုန်ပစ္စည်းလဲလှယ်တာနဲ့ အ ကြေးသက်တမ်းကို တိုးပေးတာ စတဲ့အချက်တွေဟာ ဖောက် သည်တွေရဲ့ မကျေနပ်ချက်တွေကို ဖြေရှင်းပေးနိုင်တဲ့ အချက် အချို့ဖြစ်ပါတယ်။  

ဝန်ဆောင်မှုပေးနိုင်ဖို့အဆင်သင့်ရှိခြင်း

မိမိလုပ်ငန်းရဲ့ ဝန်ထမ်းတွေ၊ မန်နေဂျာတွေနဲ့ ကြီးကြပ်ရေးမှူး တွေ စတဲ့ မည်သူမဆို ဖောက်သည်တွေက ဆက်သွယ်နိုင်ဖို့ အဆင်သင့်ရှိနေတာ ဟာ ဖောက်သည် ဝန်ဆောင်မှုဆိုင်ရာ နာမည်ကောင်းရရှိစေဖို့အတွက် အင်မတန်အရေးကြီးပါတယ်။ ကုမ္ပဏီထဲမှာရှိတဲ့ ဝန်ထမ်းတိုင်းဟာ ဖောက်သည်တွေရဲ့ အမှာစာတွေနဲ့ အရောင်းအဝယ်ကိစ္စတွေကို ပြည့်ပြည့်စုံစုံ ဖြစ်အောင် ကူညီဆောင်ရွက်ပေးခြင်း၊ ဖောက်သည်တွေရဲ့ မကျေနပ်ချက်တွေကို ဖြေရှင်းပေးခြင်းစတဲ့ ကိစ္စရပ်တွေ အတွက် ဝန်ဆောင်မှုပေးဖို့အတွက် အဆင်သင့်ဖြစ်နေဖို့ လို အပ်ပါတယ်။  

ဖောက်သည်တွေရဲ့ အကြုံပြုချက်ကိုလက်ခံခြင်း

သူတို့ရဲ့အကြံဉာဏ်ကို တောင်းခံကြတဲ့ ကုမ္ပဏီတွေကို ဖောက်သည်တွေက အကြံဉာဏ်ပေးရတာကို နှစ်သက်ကြပါ တယ်။ ဖောက်သည်တွေ ရဲ့အကြံဉာဏ် ကို တောင်းခံတဲ့ ကုမ္ပဏီဟာ စစ်တမ်းကောင်းခြင်း၊ ဖုန်းဆက် အကြံအဉာဏ် တောင်းခံခြင်း၊ ကတ်တွေပို့ပြီး အကြံပြုချက်ရေးသားပေးဖို့ တောင်းခံခြင်း စတာတွေ ကို ဆောင်ရွက်လေ့ရှိပါတယ်။ ဖောက်သည်တွေရဲ့ အကြံပြုချက်တွေကိုနားထောင်ပြီး မိမိရဲ့ ထုတ်ကုန်၊ ဒါမှမဟုတ် ဝန်ဆောင်မှုတွေကို အပြောင်းအလဲ ပြုလုပ်တာ ဟာ ဖောက်သည်တွေက သူတို့ကို တန်ဖိုးထား ကြောင်း ထူးထူးခြားခြားခံစားမိတတ်ကြပါတယ်။

ဦးရဲမြင့် (စွန့်ဦးတီထွင်)