CSR and Beyond : Promoting Responsible Business in Myanmar

1 ၂၀၁၄ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့က 5 Network က စီစဉ်ပြီး ဆရာကြီးဒေါက်တာအောင်ထွန်းသက် မှ “CSR and Beyond : Promoting Responsible Business in Myanmar” ခေါင်းစဉ်နဲ့ဟောပြောတဲ့ ဟောပြောပွဲ တစ်ရပ်ကို ရန်ကုန်မြို့၊ မင်းရဲကျော်စွာလမ်းရှိ UMFCCI မှာ ပြုလုပ်ခဲ့ပါတယ်။ ဟောပြောပို့ချတဲ့ခေါင်းစဉ်နဲ့ပတ်သက်လို့ ဆရာကြီးဒေါက်တာအောင်ထွန်းသက်က “ စီးပွားရေးလုပ် တဲ့သူတွေအနေနဲ့ လူမှုရေးတာဝန်ကျေဖို့လိုပါတယ်။ ဒါကြောင့် ကုမဏီဝန်ထမ်းတွေ၊  စီးပွားရေးလုပ်ငန်းရှင်တွေ၊ တာဝန်ရှိတဲ့သူတွေအနေနဲ့ CSR ဆိုတာ ဘာလဲဆိုတာကို သိထားဖို့လိုပါတယ်”ဟု CSR အကြောင်းအရာနဲ့ပတ်သက်လို့   အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြတဲ့သူတွေထဲက သိလိုတဲ့အချက်တွေကိုမေးမြန်းခဲ့ကြပါတယ်။  ပွဲကျင်းပရတဲ့ရည်ရွယ်ချက်အနေနဲ့ စီးပွားရေးလုပ်ငန်းရှင် တွေကနေပြီးတော့ လူမှုရေးလုပ်ငန်းတာဝန်တွေကို ထိထိရောက်ရောက်နဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးဖို့အတွက် ကျင်းပရခြင်းဖြစ်တယ် လို့ သိရှိရပါတယ်။   2   3