Cosmobeaute' Myanmar 2014

article landscape wartermark final1 မြန်မာ့ နိုင်ငံတကာအလှအပ၊ အလှကုန်ပစ္စည်းတွေ၊ ဆံပင်နဲ့ အလှပြုပြင်ခြင်းဆိုင်ရာ ကုန်စည်ပြပွဲနဲ့ ဟောပြောပွဲအခမ်းအနားကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၆ ရက်ကနေ ၈ ရက်ထိ Myanmar Convention Center (MCC) မှာ ပြုလုပ်ခဲ့ပါတယ်။ ECMI ITE ကနေ စီစဉ်ကျင်းပတဲ့ ဒီအခမ်းအနားမှာ မြန်မာနိုင်ငံအပါအဝင် နိုင်ငံတကာကနေ လာရောက်ပြသတဲ့ ပြခန်းပေါင်း ၅၀ နဲ့အထက် ပါဝင်ပြသခဲ့ကြပါတယ်။ Cellrapy Medical Cosmetology၊Total Beaut ၊ A BONNE'၊ Natural Secret ၊ Tanamera Tropical Spa Products ၊ He & Me (Taiwan) Canai Spectrum Body Health Care ၊ V 10 Plus အစရှိတဲ့ အမှတ်တံဆိပ် Skin Care ၊ Cosmetics ပစ္စည်းတွေအပြင် အလှအပနဲ့ဆက်စပ် တဲ့အရာအတော်များများ ပြသရောင်းချခဲ့တာ တွေ့ရပါတယ်။ ဖွင့်ပွဲအခမ်းအနားမှာ ပြည်ထောင်စုမြန်မာနိုင်ငံ၊ ကုန်သည်နှင့်စက်မှုလက်မှု လုပ် ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ အထွေထွေအတွင်းအရေးမှူး ဒေါက်တာမျိုးသက်က အဖွင့်နှုတ်ဆက်စကားပြောကြားခဲ့ပြီး မြန်မာ အမျိုးသမီးစွမ်းဆောင်ရှင်များ အသင်းအကြံပေးနာယက၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်အငြိမ်းစားပါမောက္ခ ဒေါ်ရီရီမြင့်က အမှာစကားပြော ကြားခဲ့ပါတယ်။ အဲဒီနောက် Hair Professionals Association (HPA) ရဲ့ President ဖြစ်တဲ့ Fancy House Hair & Beauty Spa မှ ဒေါ်ကျင်ပို့က အမှတ်တရကျေးဇူးတင် စကားပြော ကြားခဲ့ပါတယ်။ အလှအပနဲ့ ကျန်းမာရေးဆိုင်ရာဆွေးနွေးပွဲတွေ၊ နိုင်ငံတကာ ဆံပင်ပြုပြင် ကျွမ်းကျင်သူတွေရဲ့ ဖန်တီးသရုပ်ပြမှုတွေ၊ ဆံပင်ဖန်တီးမှုဖက်ရှင်ရှိုးများစွာပါဝင်တဲ့ ဒီပြပွဲကြီးကို ၂၀၁၅ ခုနှစ်မှာလည်း ဆက်လက်ကျင်းပသွား မှာ ဖြစ်တယ်လို့ သိရပါတယ်။   people portrait water mark final1 people portrait water mark final2 people portrait water mark final6 article landscape wartermark final3 article landscape wartermark final4 article landscape wartermark final7 article landscape wartermark final9 article landscape wartermark final10 article landscape wartermark final11 article landscape wartermark final12 article landscape wartermark final13 article landscape wartermark final14 article landscape wartermark final15 article landscape wartermark final16 article landscape wartermark final17 article landscape wartermark final18 article landscape wartermark final22