CEO Business & Management Magazine က ကြီးမှူးကျင်းပတဲ့ Corporate Image & Employee Branding Breakfast Talk & Networking Event ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက်က ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမပေါ်ရှိ Melia Hotel Yangon မှာ ပြုလုပ်ခဲ့ပါတယ်။

ပွဲမှာ CEO Business & Management Magazine ရဲ့ အယ်ဒီတာချုပ် ဒေါက်တာသာထွန်းဦးမှ နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး Certified Image Consultant & Strategist ဖြစ်သူ ဒေါ်နန္ဒာမော်နိုင်မှ Corporate Image & Employee Branding ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပေးခဲ့ပါတယ်။
ယနေ့ကာလတွင် နိုင်ငံတကာအဖွဲ့အစည်းများကဲ့သို့ စွမ်းဆောင်နိုင်ရန် အဘက်ဘက်မှကျိုးပမ်းနေကြသည့် မြန်မာ့လုပ်ငန်းများအတွက် အဖွဲ့အစည်း၏ပြယုဂ် (Image) က ပိုမိုအရေးကြီးလာနေပါတယ်။ ထို့အတွက် လုပ်ငန်းဦးဆောင်သူအသီးသီးအနေဖြင့် မိမိတို့လုပ်ငန်းတိုးတက်မှုဖြစ်စဉ်တွင် အရေးအကြီးဆုံးအခြေခံအုတ်မြစ်ဖြစ်တဲ့ လုပ်ငန်း၏အဆင့်ဆင့်တွင်ပါဝင်ပတ်သက်နေသူများကို စနစ်ကျမှန်ကန်စွာပြုစုပျိုးထောင်ရန်နှင့်ပတ်သက်ပြီး မျှဝေဆွေးနွေးနိုင်ရန် ရည်ရွယ်ကာ Breakfast Talk ကို ကျင်းပခဲ့တာဖြစ်ပါတယ်။

ယနေ့ Talk ရဲ့ အဓိက Speaker ဖြစ်သူ ဒေါ်နန္ဒာမော်နိုင် (Image Consultant & Strategist ) ဟာကမ္ဘာ့ထိပ် တန်း Art & Design သင်တန်းကျောင်းတစ်ခုအဖြစ်နာမည်ကျော်တဲ့ အမေရိကန်နိုင်ငံ ၊ နယူးယော့ခ်မြို့ရှိ Center for Professional Studies, New York Fashion Institute of Technology မှာ တက်ရောက်လေ့လာဆည်းပူးသင်ယူခဲ့တာဖြစ်ပါတယ်။
သူဟာ မြန်မာနိုင်ငံမှာ Image Styling ကို ဦးဆုံးမိတ်ဆက်ပေးခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူဟာ United Nations Children's Fund အတွက် ရန်ကုန်နဲ့နယူးယော့ခ်ရုံးချုပ်တွေမှာ ဆယ်စုနှစ် ၃ ခုကျော် ကြာလုပ်ကိုင်ခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။

လက်ရှိမှာ ဒေါ်နန္ဒာမော်နိုင်ဟာ မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံအကြား ကူးလူးသွားလာလျက်ရှိပြီး Professional များကို အရှေ့တိုင်းရဲ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းလည်းမပျောက်စေဘဲ အနောက်တိုင်းရဲ့ ခေတ်မီသွက်လက်မှုများနဲ့ယှဉ်ရင်လည်း နောက်မကျစေမယ့် Image Styling နဲ့ Communication နည်းဗျူဟာများနဲ့ပတ်သက်လို့ အကြံပေးသင်ကြားလျက်ရှိပါတယ်။
