Corporate Governance Forum

        KPMG, ACCA, MICPA နဲ့ UK-Myanmar Financial Services Task Force တို့က ကြီးမှူးကျင်းပတဲ့ Corporate Governance Forum ကို ရန်ကုန်မြို့၊ Sule Shangria-La ဟိုတယ် မှာ ၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်က ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို ကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်မှာ မြန်မာ့စီးပွားရေးဦးဆောင်သူတွေ အနေနဲ့ မြန်မာနိုင်ငံရဲ့ Corporate Governance နဲ့ ပတ်သက်ပြီး တာဝန်ယူနိုင်မှုတွေကို ဆွေးနွေးသွားနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။   အခမ်းအနားမှာ Keynote Speaker အဖြစ် လန်ဒန်မြို့ဝန် Alderman Alan Yarrow ကပြောကြားခဲ့ပြီး ACCA နဲ့ KPMG တို့မှာ တာဝန်ရှိသူတွေက Corporate Governance နဲ့ပတ်သက်ပြီး အတွေးအမြင်တွေကို ရှင်းလင်းတင်ပြခဲ့ကြပါတယ်။ KBZ, Max Myanmar, KPMG, Coca-Cola အစရှိတဲ့ ကုမ္ပဏီတွေအပြင် တခြား တက်ရာက်လာကြတဲ့ မြန်မာ့စီးပွားရေးဦးဆောင်ကုမ္ပဏီတွေမှ တာဝန်ရှိသူတွေက မြန်မာပြည်မှာ Corporate Governance ကို ဘယ်လိုအခြေတည်လုပ်ကိုင်ဆောင်ရွက် သွားမယ်ဆိုတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ လက်ရှိမြန်မာနိုင်ငံမှာ အများပိုင်ကုမ္ပဏီတွေ များလာတဲ့အပြင် SEZ (Special Economic Zone)  အထူးစီးပွားရေးဇုန်တွေပေါ်ထွက် လာတာကြောင့် နိုင်ငံခြားရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေ ဝင်လာတဲ့ အခါမှာ ကုမ္ပဏီတွေဟာ အများပြည်သူတွေရဲ့ Share တွေနဲ့ လည်ပတ်နေကြတာဖြစ်ပါတယ်။ ဒါကြောင့်ကုမ္ပဏီက ဘာလုပ်ငန်းတွေကို ဘယ်လိုဆောင်ရွက်နေတယ် ဆိုတာကို အများပြည်သူတွေ ပွင့်လင်းမြင်သာရှိစေဖို့ Corporate Governance က အရေးကြိးလိုအပ်နေပါတယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့ကြတဲ့ လူတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။   corporate 2 corporate 4 corporate 5 corporate 3