Orient Art Gallery ရဲ့ Color Rain Art Show လို့ အမည်ပေးထားတဲ့ ပန်းချီပြပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်ကနေ သြဂုတ်လ ၃၁ ရက်အထိ ရန်ကုန်မြို့၊ သံလွင်လမ်းရှိ အဆိုပါပန်းချီပြခန်းမှာ ကျင်းပ သွားမှာဖြစ်ပါတယ်။ ပန်းချီဆရာကြီးမြင့်စော၊ မြသောင်း၊ ကျော်သောင်း၊ ေဇော်မင်း၊ မျိုးမြင့်၊ မျိုးမင်းလတ်၊ ကို သန်းဝင်း၊ ကျော်စိုးအစရှိတဲ့ ပန်းချီဆရာအယောက်သုံးဆယ်ရဲ့ Subject အမျိုးမျိုးပါဝင်တဲ့ လက်ရာပန်းချီကား ၁၂၀ ကို ခင်းကျင်းပြသခဲ့ပါတယ်။ အဆိုပါ ပန်းချီပြပွဲနဲ့ပတ်သက်လို့ ပြခန်းပိုင်ရှင်ကိုသန့်ဇင်က Orient Art Gallery ရဲ့သုံးလတစ်ကြိမ် ပန်းချီပြပွဲပြုလုပ်တဲ့အနေနဲ့ ခင်းကျင်းပြသရကြောင်း၊ မိုးရာသီကာလဖြစ်တဲ့အတွက် Color Rain လို့ အမည်ပေးဖြစ်ပြီး ရေးဆွဲတဲ့ပန်းချီဆရာအများစုဟာလည်း Orient Art Gallery မှာ အမြဲပြသ နေတဲ့ ပန်းချီဆရာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။



