News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
၂၀၁၄ FIFA ကမ္ဘာ့ဖလားကို ဂုဏ်ပြုတဲ့ ပျော်ပွဲရွှင်ပွဲ Coca-Cola မှ ကျင်းပမယ်
Editorial
July 3, 2014
Local News
News
၂၀၁၄ FIFA ကမ္ဘာ့ဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်ကို ပိုပြီးစိတ်လှုပ်ရှားစေဖို့ ရန်ကုန်မြို့မှာ Coca-Cola Myanmar မှ ပျော်ပွဲရွှင်ပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဲဒီပျော်ပွဲရွှင်ပွဲကို ဇူလိုင်လ ၁၃ရက်နေ့၊ နေ့လည် (၁)နာရီ မှ ညနေ (၃) နာရီအထိ ဒဂုံစင်တာ (၂) ရှေ့မှာ ပြုလုပ်သွားမယ်လို့သိရပြီး လက်မှတ်မလိုအပ်ပဲ လူတိုင်းပါဝင်ဆင်နွှဲနိုင်သော ပွဲအဖြစ် ပြုလုပ်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ယခုပြုလုပ်မယ့် ပျော်ပွဲရွှင်ပွဲမှာ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက စတင်ခဲ့တဲ့ မြန်မာနိုင်ငံရှိလူထောင်ပေါင်းများစွာ ပါဝင်ဆင်နွှဲလျှက်ရှိတဲ့ Coca-Cola ရဲ့ ၂၀၁၄FIFA ကမ္ဘာ့ဖလား အထိမ်းအမှတ် အစီအစဉ်တွေထဲက တစ်ခုဖြစ်ကြောင်းလည်း သိရပါတယ်။ အဆိုပါ ပျော်ပွဲရွှင်ပွဲတွင် တေးသံရှင် အိမ့်ချစ် နှင့် မိစန္ဒိ တို့ရဲ့ ဖျော်ဖြေတင်ဆက်မှုများ၊ ဘောလုံးနဲ့ပတ်သက်တဲ့ ကစားနည်းများနဲ့ အခြားပျော်ရွှင်ဖွယ်ရာ ပြိုင်ပွဲအစီအစဉ်များစွာ ပါဝင်မယ့်အပြင် Coca-Cola ရဲ့ “Brrr” တီဗွီကြောငြာတွင် ပါတဲ့အတိုင်း “Brrr” အကောင်းဆုံးသရုပ်ဆောင်လုပ်နိုင်သူတွေကို Coca-Cola ရဲ့ FIFA ကမ္ဘာ့ဖလား အထိမ်းအမှတ် ဆုလက်ဆောင်တွေ ပေးမယ့်အစီအစဉ်လည်းပါဝင်တယ်လို့ သိရပါတယ်။ ပွဲမှာ Coca-Cola အခမဲ့ တိုက်ပြီး ၀၁၄ FIFA ကမ္ဘာ့ဖလား ရဲ့အိမ်ရှင်နိုင်ငံဖြစ်တဲ့ ဘရာဇီးနိုင်ငံယဉ်ကျေးမှု တစ်စိတ်တစ်ဒေသကို ကြည့်ရှုခံစားနိုင်ဖို့ Capoeira အကအဖွဲ့ နှင့် ဘရာဇီး နိုင်ငံ၏ ရိုးရာ ဂီတဖြစ်သည့် samba တေးဂီတတို့ကိုပါ ထည့်သွင်းဖျော်ဖြေသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ The Coca-Cola မှတင်ဆက်တဲ့ ၂၀၁၄ FIFA ကမ္ဘာ့ဖလားသီချင်းကို မြန်မာဘာသာနဲ့သီဆိုထားတာပါဝင်တဲ့ “The World Is Ours” သီချင်းရဲ့ ဂီတဗွီဒီယို မှာ ပါဝင်တဲ့ Hyrax အကအဖွဲ့မှလည်း ထိုပျော်ပွဲရွှင် ပွဲမှာကပြဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ Coca-Cola မှ ရန်ကုန်မြို့ နှင့် မန္တလေးမြို့များရှိ လက်ဘက်ရည်ဆိုင်များတွင် FIFA ကမ္ဘာ့ဖလားအထိမ်းအမှတ် ဂိမ်းကစားနည်းများ နှင့် အထူးဆုလက်ဆောင်များရရှိနိုင်မည့် အစီအစဉ်တို့ကို ဇူလိုင်လ ၁၁ ရက်နေ့အထိ နေ့စဉ်ပြုလုပ်လျက်တယ်လို့ သိရပါတယ်။ မန္တလေးမြို့တွင်လည်း Coca-Cola အချိုရည်များနှင့်အတူ ဘောလုံးပွဲနှင့်သက်ဆိုင်သော ဂိမ်းများပါဝင်တဲ့ Coca-Cola ၏ ပျော်ရွှင်ခြင်း ခရီးစဉ်ကို မန္တလေးမြို့ရှိ သူငယ်ချင်းလက်ဖက်ရည်ဆိုင် (Friend Teashop)၊ မဟာမြတ်မုနိ ဘုရားကြီး၊ ဒိုင်းမွန်းပလာဇာနှင့် မြို့တော်ဥယျာဉ် (City Park) တဲ့နေရာတွေမှာ ဇူလိုင်လ ၆ ရက် နေ့အထိ ဆက်လက် ပြုလုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။ Coca-Cola ရဲ့ မြန်မာပြည်တွင်း ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အစီအစဉ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ “ခုဝယ်ခုပေါက်” အဖုံးထဲမှဆုမဲ အထူးအစီအစဉ် (Under The Cap) ပရိရိုမိုးရှင်းအစီအစဉ်ကိုလည်း ၂၀၁၄ခုနစ် စက်တင်ဘာလ ၃၀ရက်နေ့လကုန်အထိ ဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့ ဆုလက်ဆောင်တွေအဖြစ် Coca-Cola အမှတ်တံဆိပ်ပါ ဖန်ခွက်၊ ဘောလုံး၊ ထီးနဲ့ Coca-Cola အချိုရည်ပုလင်းတွေဖြစ်ကြောင်း သိရပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
ပထမပုဂ္ဂလိကဘဏ်လီမိတက် နှစ်သုံးဆယ်ပြည့် ပုလဲရတုအခမ်းအနား ကျင်းပ
Posted On October 29, 2022, By Editorial
ထိုင်းနိုင်ငံရှိနိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များအား မြေပိုင်ဆိုင်ခွင့်ပြုမည်
Posted On October 28, 2022, By Editorial
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
လာမယ့်ဆယ်စုနှစ်အတွင်း ဒေါ်လာ ဘီလီယံ တစ်ရာကျော်နီးပါး ရင်းနှီးမြှုပ်နှံမှုတွေလုပ်သွားမယ့် အိန္ဒိယရဲ့ ကော်ပိုရိတ်လုပ်ငန်းစုကြီး : Adani Group
Posted On September 30, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
ဆရာ စံ-ဇာဏီဘို၏ ဧပြီ ၂၂ ရက်မှ ၃၀ ရက်အထိ တစ်ပတ်စာဟောစာတမ်း