Coca-Cola ၏ ပထမဦးဆုံး အကြိမ် နိုင်ငံတကာ ဂီတပူးပေါင်းတင်ဆက်မှု

3 2 1

Photo Credit to Coca-Cola Myanmar

ယခုနှစ် နွေရာသီအတွက် Coca-Cola ရဲ့ ပထမဦးဆုံး အကြိမ် နိုင်ငံတကာ ဂီတပူးပေါင်းတင်ဆက်မှုနဲ့ သြင်္ကန်ကာလအတွင်း ကျင်းပပြုလုပ်သွားမယ့် ၂၀၁၄ခုနှစ် ပျော်ရွှင်ခြင်းခရီးစဉ်တို့ကို မတ်လ ၂၅ ရက်နေ့က မိတ်ဆက်ခဲ့ပါတယ်။
Coca-Cola Myanmar မှ ၂၀၁၄ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် Coca-Cola ရဲ့ ဂုဏ်ပြုသီချင်းဖြစ်သည့် စိုင်းစိုင်း နဲ့ Bobby Soxer တို့ပါဝင် သီဆိုထားတဲ့ “The World Is Ours” သီချင်းကို မိတ်ဆက်ပြီး ဒီနှစ်နွေရာသီမှာ ပိုမိုတက်ကြွလန်းဆန်းစေမယ့် ပျော်ရွှင်ခြင်းခရီးစဉ် (Happiness Journey) ကို ပြန်လည် စတင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာဘာသာနဲ့ သီဆိုထားမှု ပါဝင်တဲံ “The World is Ours” သီချင်းဟာ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် Coca-Cola ရဲ့ တရားဝင် ဂုဏ်ပြုသီချင်းဖြစ်ပြီး ကမ္ဘာကျော်အနုပညာရှင် David Correy, Coca-Cola နဲ့ သံံတမန်များ၊ မြန်မာ အနုပညာရှင်များဖြစ်ကြတဲ့ စိုင်းစိုင်းနဲ့ Bobby Soxer တို့က အတူပူးပေါင်းသီဆိုထားတာပါ။  မြန်မာမှုပြုထားတဲ့ “The World Is Ours” သီချင်းကို သြင်္ကန်ကာလအတွက်ရည်ရွယ်တဲ့ ၂၀၁၄ ပျော်ရွှင်ခြင်းခရီးစဉ် အတွင်း စတင်ထုတ်လွှင့်သွားမှာဖြစ်တယ်လို့သိရပါတယ်။ “Coca-Cola FIFA World Cup™ သီချင်းကို မြန်မာဘာသာနဲ့ ပြန်လည်သီဆိုတာက ဘောလုံးအားကစား ရဲ့စွမ်းအားဟာ လူသားအားလုံးနဲ့ နိုင်ငံအားလုံးကို အတူတကွဖြစ်စေတယ် ဆိုတဲ့အချက်ကို အဓိကဖော်ပြ လိုခြင်းဖြစ်ပါတယ်" လု့ိ Coca-Coca Myanmar ရဲ့ Marketing Director Mr.Rommel Fuentebella က ဆိုပါတယ်။ "သီချင်းရဲ့ နောက်ခံဂီတကို ဘရာဇီးဂီတစစ်စစ်ဖြစ်ချင်တယ်၊ ဒါပေမဲ့ မြန်မာပရိသတ်တွေကိုလည်း မူရင်းဂီတအရသာကိုခံစားပြီး ဒီနှစ်နွေရာသီမှာ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ နှင့်အတူ ပျော်ပွဲရွင်ပွဲတွေ၊ စိတ်ချမ်းသာ မှုတွေကို ရရှိစေချင်ပါတယ်” လို့လည်း သူက ပြောကြားခဲ့ပါတယ်။ မူရင်းသီချင်းကို အင်္ဂလိပ်ဘာသာနဲ့ သီဆိုသူ David Correy ဟာ The X-Factor ပြိုင်ပွဲ ရဲ့ ဒုတိယတွဲ နောက်ဆုံးဆန်ခါတင်အဆင့်ထိ ရောက်ရှိယှဉ်ပြိုင်ခဲ့တဲ့ လက်ရှိနိုင်ငံတကာ ဂီတနယ်ပယ်တွင် ထူးချွန်အောင်မြင်လျက်ရှိတဲ့ ဂီတအနုပညာရှင် တစ်ဦးဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ မန္တလေးမြို့တွေမှာ ကျင်းပသွားမှာဖြစ်တဲ့ ၂၀၁၄ ခုနှစ် အတာသြင်္ကန်ကာလအတွင်း Coca-Cola ရဲ့ ပျော်ရွှင်ခြင်းခရီးစဉ်ဟာ ဖျော်ဖြေမှုတင်ဆက်မျိုးစုံ ပါဝင်တဲ့ Coca-Cola ကို ကမ္ဘာနဲ့အဝှမ်း အောင်မြင်ကျော်ကြား လူကြိုက်များစေတဲ့ “road-trip” carnival တစ်ခုလည်းဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ကျင်းပမယ့် ပျော်ရွှင်ခြင်းခရီးစဉ်ကို Myanmar Event Park တွင် ဧပြီလ ၁၂ ရက်မှ ၁၆ ရက် အထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး ယခင်က တစ်ကြိမ်မှ ကျင်းပဖူးခြင်းမရှိသေးပဲ ပထမဦးဆုံးအကြိမ် အဖြစ် ကျင်းပတဲ့ Coca-Cola Myanmar Summer Festival 2014 ရဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်းလည်းဖြစ်ပါတယ်။ အဲဒီ ပျော်ရွှင်ခြင်းခရီးစဉ် အစီအစဉ်ထဲမှာ ရေဆော့ကစားခြင်း၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာကစားနည်းများ၊  foam party၊ ဂီတဖျော်ဖြေမှုတင်ဆက်မှု စသဖြင့် ပါဝင်မှာဖြစ်ပါတယ်။ မန္တလေးမြို့မှာ ကျင်းပမယ့် ပျော်ရွှင်ခြင်းခရီးစဉ်မှာတော့ အထူးပြင်ဆင်ထားတဲ့ Coca-Cola ယာဉ်များဖြင့် လှည့်လည်မှာဖြစ်ပြီး Coca-Cola အခမဲ့ဝေခြင်းနဲ့ Coca-Cola “Brrr” ရုပ်သံကြော်ငြာအစီအစဉ်မှာ ပါဝင်တဲ့ Coca-Cola “Brrr” ကဲ့သို့ အကောင်းဆုံးလုပ်ပြနိုင်သူများကို ဆုလက်ဆောင် ပေးခြင်းတွေ ပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။