Coca-Cola က အမှုဆောင်ရာထူး အပြောင်းအလဲများ ပြုလုပ်

coca-cola post ဆိုဒါပါဝင်တဲ့ အချိုရည်များ ရောင်းအားကျဆင်းနေတဲ့ မြောက်အမေရိကလုပ်ငန်းမှာ Coca-Cola  က  အမှုဆောင်ရာထူးတွေနဲ့ လုပ်ငန်းဖွဲ့စည်းပုံတွေကို အပြောင်း အလဲ ပြုလုပ်လိုက်ပါတယ်။ Coca-Cola Americas ရဲ့ ဥက္ကဋ္ဌ Steve Cahillane ဟာ ကုမ္ပဏီကနေ နုတ်ထွက်သွားသလို၊ လုပ်ငန်းဖွဲ့စည်းပုံအတွက် မြောက်အမေရိက လုပ်ငန်းကို လုပ်ငန်းလည်ပတ်ရေး အစိတ်အပိုင်းနှစ်ခု ခွဲထုတ်မှာဖြစ်ပါတယ်။ ပထမယူနစ်ဖြစ်တဲ့ Coca-Cola North America ကို ဂလိုဘယ်ဖောက်သည် ဆက်ဆံရေးအရာရှိ Sandy Douglas က ဦးဆောင်ပြီး ဒုတိယယူနစ်ဖြစ်တဲ့ Coca-Cola Refreshments ကိုတော့ Bottling Investment Group ရဲ့ အမှုဆောင် Paul Mulligan က ဦးဆောင်မှာ ဖြစ်ပါတယ်။ Ref: AP