[caption id="" align="alignnone" width="720"] ပန်းစကားရဲ့ကိုယ်စား ကိုဘုန်းနေလတ်ကအထူးဆုကို လက်ခံရယူစဉ်[/caption] ပြည်သူ့ဂုဏ်ရည်အသင်းက ပဉ္စမအကြိမ် မြောက်ပြုလုပ်တဲ့ပြည်သူ့ဂုဏ်ရည်(Citizen of Burma Award) ဆုချီးမြှင့်ပွဲကို ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁ ရက်ကရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပခဲ့ပါတယ်။ မြန်မာပြည်တွင်းမှာ စေတနာ့ ဝန်ထမ်းလူမှုလုပ်ငန်းတွေကို ကိုယ်ကျိုးစွန့်ဆောင်ရွက်နေတဲ့သူတွေကို လေးစား ဂုဏ်ယူတဲ့အတွက် ပြည်သူ့ဂုဏ်ရည် အသင်းက အခုလိုပေးအပ်ချီးမြှင့်ခဲ့တာလို့ သိရပါတယ်။ အဆိုပါ ပြည်သူ့ဂုဏ်ရည် အထူးဆုကို တစ်ကိုယ်တော်ပရဟိတသ မားကွန်ရက်က မခင်နှင်းကြည်သာ၊ လူ သားအချင်းချင်း အမုန်းမပွားဖို့ ငါတို့နှုတ် ကိုစောင့်စည်းစို့ဆောင်ပုဒ်နဲ့ လှုပ်ရှားနေ တဲ့ ပန်းစကား၊ လူတိုင်းအဓိပ္ပာယ်ရှိတဲ့ဘ၀ နဲ့ရပ်တည်ခွင့်ရနိုင်စေဖို့ ဝိုင်းဝန်းတဲ့ ပြည်သူ့အလှဆိုတဲ့ ဖွင့်ဆိုချက်နဲ့ စတင် လာခဲ့တဲ့ One More အစီအစဉ်တို့ကို ပေး အပ်ခဲ့ပြီး ၂၀၁၄ ခုနှစ် ပဉ္စမအကြိမ် ပြည် သူ့ဂုဏ်ရည် (Citizen of Burma Award) ဆုကို နာရေးကူညီမှုအသင်း (ရန်ကုန်) ဒုတိယဥက္ကဋ္ဌ၊ ဆည်းဆာရိပ်၊ သုခရိပ်မြုံနဲ့ အောင်ဖောင်ဒေးရှင်း တည်ထောင်သူ စာရေးဆရာမ သန်းမြင့်အောင်က လက်ခံ ရယူခဲ့ပါတယ်။ ပြည်သူ့ဂုဏ်ရည်အသင်း ဟာ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ စင်ကာပူနဲ့ ဗြိတိန်နိုင်ငံရှိ အဝေးရောက်တိုင်းရင်းသားမိသားစုတွေနဲ့ဖွဲ့ စည်းထားတဲ့အဖွဲ့အစည်းဖြစ်ပြီး http://www.citizenofburma.org/ တွင် ဝင်ရောက်လေ့ လာကြည်ရှုနိုင်ပါတယ်။ [caption id="" align="alignnone" width="370"]
ပြည်သူ့ဂုဏ်ရည်အသင်းဥက္ကဋ္ဌဖြစ်သူ ကိုဝေလင်းက နှုတ်ခွန်း ဆက်စကားပြောကြား[/caption] [caption id="attachment_11067" align="alignnone" width="720"] တစ်ကိုယ်တော်ပရဟိတသမားကွန်ရက် မခင်နှင်းကြည်သာက အထူးဆုကို လက်ခံရယူစဉ်[/caption] [caption id="attachment_11070" align="alignnone" width="720"] One More အစီအစဉ်ရဲ့ကိုယ်စား ကိုမောင်မောင်စိုး က အထူး ဆုကို လက်ခံရယူစဉ်[/caption] [caption id="attachment_11065" align="alignnone" width="720"] ပဉ္စမအကြိမ် ပြည်သူ့ဂုဏ်ရည်(Citizen of Burma Award) ဆု ကို စာရေးဆရာမသန်းမြင့်အောင် လက်ခံရယူစဉ်[/caption]