5 Network မှ စီစဉ်ကျင်းပတဲ့ “ဆရာကြီးဒေါက်တာအောင်ထွန်းသက်ရဲ့ Citizen Leadership” ဟောပြောပွဲ

2 5 Network မှ Organize လုပ်ခဲ့ပြီး ဆရာကြီးဒေါက်တာအောင်ထွန်းသက်မှ “Citizen Leadership” ခေါင်းစဉ်ဖြင့် ဟောပြောတဲ့ ဟောပြောပွဲတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ၊ UMFCCI အဆောက်အအုံမှာ ကျင်းပခဲ့ပါတယ်။ ဟောပြောပွဲ စီစဉ်ကျင်းပရတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ 5 Network မှ Managing Director ဦးဇော်လတ် က “ အရင်တုန်းက ကျွန်တော်တို့ 5 Network ဟာဆိုရင် မိသားစု၊ မောင်နှမသားချင်းတွေအတွက် Entertainment အဖြစ်ရည်ရွယ်ခဲ့တာဖြစ်ပြီး အခုလက်ရှိပြောင်းလဲလာတဲ့မြန်မာနိုင်ငံရဲ့အခြေအနေအရ ကျွန်တော်ယုံကြည်ထားတဲ့ အများပြည်သူအသိပညာဗဟုသုကြွယ်ဝမှု၊ စိတ်ဓာတ်မြင့်မားလာဖို့အတွက် 5 Network အစီအစဉ်မှာ အပန်းဖြေရင်းအသိပညာတိုးပွားစေနိုင်တဲ့အစီအစဉ်ကို ထည့်သွင်းပြုလုပ် သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံရဲ့ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အင်တိုင်အားတိုက် ပါဝင်ဆောင်ရွက်နိုင်ဖို့အတွက် ဒီဟောပြောပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်” ဟုပြောကြားခဲ့ပါတယ်။ ဟောပြောပွဲမှာ လာရောက်နားထောင်သူ ပရိသတ်ပေါင်း ၃၀၀ ကျော်ရှိခဲ့ပြီး ဟောပြောပွဲအပြီးမှာ အကျွေးအမွေးများ နဲ့ဧည့်ခံခဲ့ပါတယ်။