Chryser ကား ကုမ္ပဏီဟာ ဘရိတ် ပြဿနာကြောင့် Jeep နဲ့ Dodge အမျိုးအစား SUV ကားအစီးရေ ၂၅၂၅၀ စီးကို ဈေးကွက်ကနေပြန် ရုပ်သိမ်းနေတယ် လို့ဆိုပါတယ်။ စုံစမ်း တွေ့ရှိချက်အရ ဘရိတ်ဆီစီးဆင်းမှုက တအားကန့်သတ်ထားသလို ဖြစ်နေပြီး အဲဒါကိုပိုကောင်းအောင်လုပ်ဖို့နဲ့ ခြေနင်းကို ပိုပြီးသက်သောင့်သက်သာ အဆင်ပြေစေဖို့အတွက် Software ကို အဆင့်မြှင့်တင်နေတယ်လို့ သိရပါတယ်။ ဒီပြဿနာကြောင့် မတော်တဆမှုတွေနဲ့ ထိခိုက်ဒဏ်ရာရမှုတွေ မရှိသေးဘူးလို့ သိရပါတယ်။ ပြန်သိမ်းခဲ့တဲ့ ကားမော်ဒယ်တွေ ကတော့ ၂၀၁၂ ခုနှစ် နဲ့ ၂၀၁၃ ခုနှစ်ထုတ် Jeep Grand Cherokee နဲ့ Dode Durango SUV ကားတွေဖြစ်ပြီး အမေရိကန်က ၁၈,၇၀၀ စီး၊ ကနေဒါက ၈၂၅ စီး၊မက္ကဆီကိုက ၅၃၀ စီးနဲ့ မြောက်အမေရိက ပြင်ပနိုင်ငံတွေက ၅ç၂၀၀ စီးတို့ကိုပြန်ရုပ်သိမ်းခဲ့ တာဖြစ်တယ်လို့ Chrysler ကထုတ် ပြန်ခဲ့ပါတယ်။
Ref: Reuters