အမေရိကန်သစ်သီးကုမ္ပဏီ နဲ့ အိုင်ယာလန်သစ်သီးကုမ္ပဏီတို့ ပူးပေါင်းပြီးကမ္ဘာ့အကြီးဆုံး ငှက်ပျောသီးလုပ်ငန်း အဖြစ်ထူထောင်မယ်

  article landscape wartermark final7 အမေရိကန်သစ်သီးကုမ္ပဏီ Chiquita နဲ့ အိုင်ယာလန်သစ်သီးကုမ္ပဏီ Fyffes တို့ပူးပေါင်းဖို့ပြီး ကမ္ဘာ့အကြီးဆုံးငှက် ပျောသီးလုပ်ငန်းထူထောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ Chiquita Fyffes PLC  ဆိုတဲ့ ကုမ္ပဏီနာမည်နဲ့ နယူးယောက်စတော့အိပ်ချိန်းမှာရှယ်ယာ အရောင်းအဝယ်ပြုလုပ်သွားမှာဖြစ်ပြီး ရုံးချုပ်ကို တော့ဒပ်ဗလင်မြို့မှာ ထားရှိမှာဖြစ်တယ်။ Fyffes နဲ့ Chiquita တို့ရဲ့လက်ရှိရှယ်ယာရှင်တွေဟာ မျော် မှန်းထားတဲ့ နှစ်စဉ်အရောင်း အမေရိကန် ဒေါ်လာ ၄.၆ ဘီလီယံ ဘီလီယံ ကိုတစ်ဝက်စီ ပိုင်ဆိုင်ကြမှာဖြစ်တယ်။ အဲဒီလုပ်ငန်းဟာ ငှက်ပျောသီးကုန် သေတ္တာပေါင်း သန်း ၁၆၀ တင်ပို့မှာ ဖြစ်ပြီး ပြိုင်ဖက်ကုမ္ပဏီတွေဖြစ်တဲ့ Del နဲ့ Del Monte တို့ရဲ့တင်ပို့မှုထက်  လေးပုံတစ်ပုံ ပိုများမှာဖြစ်တယ်။

Ref: Reuters