၂၀၂၀ ပြည့်နှစ်ကျရင် တရုတ်နိုင်ငံရဲ့ ရေနံတင်သွင်းမှု အမေရိကန်ဒေါ်လာ ငါးရာဘီလီယံအထိရောက်ရှိနိုင်

Chinese Oil Imort စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု မြန်ဆန်လာခြင်းက မော်တော်ကား ရောင်းချမှုကို တွန်းအားပေးနေတဲ့အတွက် ၂၀၂၀ ပြည့်နှစ်ကျရင် တရုတ်နိုင်ငံရဲ့  ရေနံလိုအပ်ချက် ၇၀ ရာခိုင်နှုန်းဟာ  ပြည်ပကနေ တင်သွင်းဖို့လိုအပ်မှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ငါးရာဘီလီယံ (ယူရို ၃၇၅ ဘီလီယံ) ထိ ရောက်ရှိနိုင်တယ်လို့ လေ့လာဆန်းစစ်မှုတစ်ရပ်က ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ ရေနံစိမ်းတင်သွင်းမှုဟာ ၂၀၁၇ ခုနှစ်မှာ အမေ ရိကန်ထက် ကျော်လွန်မှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်မှာ တစ်နေ့ကို စုစု ပေါင်းရေနံစည် ၉.၂ သန်းထိ တင်သွင်းဖို့ လိုမယ်လို့ ဗြိတိန်အကြံပေး ကုမ္ပဏီ Wood Mackenzie က ခန့် မှန်းထားပါတယ်။ တရုတ်နိုင်ငံရဲ့ OPEC   နိုင်ငံတွေကနေ ရေနံတင်သွင်းမှုပမာဏဟာ ၂၀၀၅ ခုနှစ်တုန်းက ၅၂ ရာခိုင်နှုန်း ရှိရာကနေ ၂၀၂၀ ပြည့်နှစ်မှာ ၆၆ ရာခိုင်နှုန်းထိ တက်လာနိုင်ဖွယ်ရှိတယ်လို့ ဆိုပါ တယ်။  ပြည်တွင်း ရေနံဝယ်လိုအားတိုးလာမှုနဲ့အတူ ကိုယ်ပိုင်ကားတွေ များပြားလာမယ့် သိပ်မဝေးတော့တဲ့ အနာဂတ်မှာ ဓာတ်ဆီနဲ့ ဒီဇယ်ဝယ်လိုအားတိုးလာမှာဖြစ်တဲ့အတွက်ကြောင့်  တရုတ်နိုင်ငံ ရဲ့ ရေနံတင်သွင်းမှု မြင့်တက်လာမယ်လို့ ရေနံဈေးကွက် ဆန်းစစ်လေ့လာသူ Harold York က ဆိုပါတယ်။ ၂၀၂၀ ပြည့်နှစ်ကျရင် တရုတ်ဟာ အမေရိကန် ပြီးရင် ဒုတိယ မော်တော်ကား အသုံးအများဆုံးနိုင်ငံ ဖြစ်လာမှာဖြစ်ပြီး ၂၀၀၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ် အတွင်း တရုတ်ပြည်မှာ မော်တော်ယာဉ် ပေါင်း သန်း ၂၀ မှ သန်း ၁၆၀ ထိတိုးလာနိုင်ပါတယ်။ Ref: CNA