ဖိလစ်ပိုင်နိုင်ငံရှိ Ayala Law ဆိုတဲ့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်ငန်းဟာ အရောင်းပမာဏအားဖြင့် အကြီးမားဆုံးဖြစ်တယ်။ ဒီလုပ်ငန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ-မတ်လ သုံးလပတ်ကာလအတွင်း ဝင်ငွေအမေရိကန်ဒေါ်လာ ၁၂၄ သန်းရခဲ့တယ်။ လူနေအိမ်အဆောက်အအုံ ရောင်းရငွေဟာလည်း ၃၄ ရာခိုင်နှုန်း တိုးတက်ခဲ့တယ်။ ဒါဟာ တရုတ်ဝယ်လက်တွေ အားကောင်းနေလို့ဖြစ်တယ်လို့ သိရပါတယ်။
SM Prime Holdings ဆိုရင်လည်း မနီလာပင်လယ်အော်အနီးမှာရှိတဲ့ The Mall of Asia ဆိုတဲ့နေရာမှာ လူနေကွန်ဒိုအဆောက်အအုံတွေ အရောင်းလိုက်ခဲ့တယ်။ အဲဒီနေရာဟာ တရုတ်တွေရဲ့ ဂိမ်းကစားရုံ လုပ်ငန်းများရှိတဲ့နေရာ ဖြစ်ပါတယ်။