ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်တဲ့ တရုတ်က ရှန်ဟိုင်းမှာ လွတ်လပ်တဲ့ကုန်သွယ်ရေးဇုန် ဖွင့်လှစ်လိုက်ပြီး ဒါဟာနိုင်ငံတွင်းမှာ ပြုပြင်ပြောင်းလဲ မှုအတော်များများလုပ်ဖို့ လိုအပ်နေတာကိုရည်ရွယ်ပြီး ဈေးကွက်စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေနဲ့ စီးပွားရေးအင်အားကို မြှင့်တင်ဖို့အတွက် စမ်းသပ်ပြုလုပ်ချက် တစ်ရပ် ဖြစ်တယ်လို့ အစိုးရသတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ပြည်တွင်းစီးပွားရေးအနေနဲ့ ရင်းနှီးမြှုပ်နှံမှုအကြီးစားတွေကို မှီခိုနေရာကနေ ကင်းလွတ်ဖို့ တရုတ်အစိုးရက ကြိုးပမ်းလာခဲ့ရာမှာ ရုန်းကန်ရမှုတွေ ရှိခဲ့ပါတယ်။ တရုတ်စီးပွား ရေးတိုးတက်နှုန်းဟာ ၂၀၁၂ ခုနှစ်မှာ ၇.၇ ရာခိုင်နှုန်းရှိခဲ့ပြီး ဒါဟာ ၁၃ နှစ်အတွင်း တိုးတက်မှု အနည်းဆုံး ရာခိုင်နှုန်းဖြစ်ပါတယ်။ ဒီနှစ် ပထမသုံးလပတ်မှာ ၇.၇ ရာခိုင်နှုန်း ဆက်ရပ်တည်ခဲ့ပြီး ဧပြီလကနေ ဇွန်လအထိ သုံးလပတ်မှာ ၇.၅ ရာခိုင်နှုန်းထိ အနည်းငယ် ပြန်လည်ကျ ဆင်းနေပါတယ်။ Ref: CAN