![article landscape wartermark final2](data:image/svg+xml,%3Csvg%20xmlns=%22http://www.w3.org/2000/svg%22%20viewBox=%220%200%20720%20420%22%3E%3C/svg%3E)
ထိုင်းဆက်သွယ်ရေးကုမ္ပဏီ True Corp က ကုမ္ပဏီရဲ့ရှယ်ယာ ၁၈ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ သန်း ၈၈၀) ကို မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုအနေနဲ့ China Mobile ကို ရောင်းချဖို့ သဘောတူ လိုက်ပါတယ်။True Corp အနေနဲ့ ရလာတဲ့ပိုက်ဆံတွေကို တင်ရှိနေတဲ့ အကြွေးပမာဏကို လျော့ချဖို့နဲ့ မြန် နှုန်းမြင့်အင်တာနက်၊ အခပေးရုပ်သံ အစီအစဉ်နဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုလုပ်ငန်းတွေကို ပေါင်းစပ်ပြီး အင်အား ကြီးဆက်သွယ်ရေးကုမ္ပဏီတစ်ခုဖြစ် လာဖို့ ရည်ရွယ်ချက်ကို အကောင် အထည်ဖော်ဖို့အတွက် အသုံးပြု သွားမယ်လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံ မှာ စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် မသေချာမရေရာဖြစ်နေပေမဲ့ ကုမ္ပဏီ နှစ်ခုရဲ့ မိတ်ဖက်အဖြစ် ပူးပေါင်းမှုဟာ ထိုင်းနိုင်ငံရဲ့ ရေရှည်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ်မှာ နိုင်ငံတကာစီး ပွားရေးအသိုင်းအဝိုင်းက ယုံကြည်မှု ရှိတာကို ဖော်ပြနေတယ်လို့ True Corp က ဆိုပါတယ်။ အသုံးပြုသူ အရေအတွက်အရ ကမ္ဘာ့အကြီးဆုံး မိုဘိုင်းဖုန်း ဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့China Mobile ဟာ True Corp ရဲ့ ရှယ်ယာတွေကို ဝယ်ယူလိုက်တာ ဟာ China Mobile ရဲ့ နိုင်ငံတကာ မှာလုပ်ငန်းတိုးချဲ့မှုနဲ့ နိုင်ငံရပ်ခြားမှာ မဟာဗျူဟာမြောက်ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေရှာဖွေမှုကို ထင်ဟပ် ဖော်ပြနေတယ်လို့ ဆိုပါတယ်။
Ref: AFP